လူငယ်တစ်ဦး အိုင်ဖုန်း ၉၉ လုံး ဝယ်ကာ ချစ်သူထံ လက်ထပ်ခွင့် တောင်းဆိုခဲ့သော်လည်း ငြင်းပယ်ခံရ
တရုတ်လူငယ် ပရိုဂရမ်မာ တစ်ဦးသည် အိုင်ဖုန်း (iPhone) ၉၉ လုံးကို ဝယ်ယူ၍ သူ၏ ချစ်သူ မိန်းကလေး အား လက်ထပ်ခွင့် တောင်းဆို ခဲ့သော်လည်း သူ၏ တောင်းဆိုမှုကို ထိုမိန်းကလေးက ငြင်းဆန်ခဲ့သည်။
တရုတ်နိုင်ငံတွင် နိုဝင်ဘာလ ၁၁ ရက်ကို “တစ်ကိုယ်ရေသမားများနေ့” (Singles’ Day) အဖြစ် ဆင်နွှဲကြ
လေ့ရှိရာ၊ ထိုနေ့တွင် တရုတ်လူငယ် တစ်ဦးသည်၊ သူ၏ ချစ်သူအား လက်ထပ်ခွင့် တောင်းဆိုရန် အချိန် ကျရောက်လာပြီဟု ခံစားလာရရာမှ ထိုကဲ့သို့ စီစဉ်ခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူ၏ လက်ထပ်ခွင့်တောင်း ဆိုမှုကိုသာ ချစ်သူက လက်ခံခဲ့မည်ဆိုပါက နောင်နှစ်များတွင် “တစ်ကိုယ်ရေသမား များနေ့” ဖြစ်သည့် (၁၁/၁၁) ရက်နေ့ အထိမ်းအမှတ်ကို သူရော သူ၏ချစ်သူပါ ပါဝင်ဆင်နွှဲရန် မလိုတော့ဟု တရုတ်လူငယ် ပရိုဂရမ်မာက တွေးတော ခဲ့ခြင်းလည်း ဖြစ်သည်။
ထိုလူငယ်သည် အိုင်ဖုန်း-၆ (iPhone 6) ၉၉ လုံးအား မြေပြင်ပေါ်တွင် အသည်းနှလုံး ပုံသဏ္ဍန် စီတန်းပုံ
ဖော်၍ လက်ထပ်ခွင့် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ The Nanfang ဝက်ဘ်ဆိုဒ်၏ အဆိုအရ အချစ်စိတ် မွှန်နေသော ထိုလူငယ်သည် ထိုကဲ့သို့ လက်ထပ်ခွင့် တောင်းဆိုရန်အတွက် သူ၏ ၂ နှစ်တာ လစာပမာ ဏဖြစ်သည့် ဒေါ်လာ ၈၂,၀၀၀ ခန့်ကို အသုံးပြုခဲ့ရကြောင်း သိရသည်။
သို့ရာတွင် သူ၏ အားထုတ်မှုမှာ မလုံလောက်ခဲ့ဘဲ သူ၏ လက်ထပ်ခွင့်တောင်းဆိုမှုကို ကောင်မလေးက ပယ်ချခဲ့သည်။
mizzima

မှတ်ချက်များ