ပါကစ္စတန်တောင်ပိုင်း၌ ဘတ်စ်နှင့်ကုန်တင်ကားတိုက် လူ ၅ဝ ထက်မနည်း သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ


ပါကစ္စတန်နိုင်ငံ တောင်ပိုင်းတွင် ခရီးသည်တင် ဘတ်စ်ကား တစ်စီးနှင့် ကုန်တင်ကား တစ်စီးတို့ တိုက်မိခဲ့ ရာ လူ ၅ဝ ထက် မနည်း သေဆုံးကြောင်း ယနေ့ ဒေသဆိုင်ရာ သတင်းများ၌ ဖော်ပြသည်။

ဆင်းဒ်ပြည်နယ်မြို့တော် ကီရာပူးအနီးတွင် ကုန်ပစ္စည်းများ တင်ဆောင်ထားသော ကုန်တင်ယာဉ်ကို ခရီးသည်တင် ဘတ်စ်ကားက ပြင်းထန်စွာ တိုက်မိခြင်း ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။

အဆိုပါခရီးသည်တင် ဘတ်စ်ကားသည် ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်း ဆွက်ဒေသမှ တောင်ပိုင်း ဆိပ်ကမ်းမြို့ကရာချိသို့ ညလုံးပေါက် မောင်းနှင်လာခြင်း ဖြစ်သည်။

လူအသေအပျောက်များပြားသော ယာဉ်မတော် တဆဖြစ်မှုများသည် ပါကစ္စတန်နိုင်ငံတွင် ဖြစ်နေကျ
ဖြစ်ရပ်များဖြစ်ပြီး ဖြစ်ပေါ်ရသည့်အကြောင်း ရင်းများမှာ မော်တော်ယာဉ်ကို မဆင်မခြင်မောင်းနှင်ခြင်း၊ လမ်းမျက်နှာပြင် ပြုပြင်ထိန်းသိမ်းမှုညံ့ဖျင်းခြင်း သို့မဟုတ် အသုံးပြုရန် မသင့်လျော်သောယာဉ်များကို အသုံးပြုခြင်း တို့ကြောင့်ဖြစ်သည်။ နိုဝင်ဘာ ၁၁ ရက် နံနက်ပိုင်းတွင် ဖြစ်ပွားသော ၎င်းယာဉ်တိုက်မှု၌
သေဆုံးသူအများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်သည်ဟု ကရာချိ မြို့ရှိ ဘီဘီစီသတင်း
ထောက်က ပြောကြားသည်။

ယာဉ်တိုက်မှုကြောင့် အခြားထိခိုက်ဒဏ်ရာရသူ ၁၅ ဦးအား ဆေးရုံသို့ တင်ပို့ပေးခဲ့ရပြီး ယင်းထဲမှ အချို့မှာ စိုးရိမ်ဖွယ်ရာ အခြေအနေရှိနေသည်။

BBC

မှတ်ချက်များ