ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်သားကိုယ်စားလှယ်များ တွေ့ဆုံမည်


နိုဝင်ဘာ ၂၇ရက် ညနေပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် များ နေပြည်တော် စည်ပင် ဧည့်ရိပ်သာ၌ ပထမဆုံး အကြိမ် တွေ့ဆုံမည် ဖြစ်ကြောင်း သတင်းရရှိသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယခင်သီတင်းပတ်က တိုင်းရင်းသား ပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး တပ်မတော်သား ကိုယ်စားလှယ်များက ယခုကဲ့သို့ တွေ့ဆုံရန် စတင်ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

ဆွေးနွေးပွဲသို့ တတ်ရောက်ရန် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၇၀ ခန့်အား ဖိတ်ကြားထား သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မှတ်ချက်များ