ခိုထောင်းကျွန်း လူသတ်မှု ဖမ်းဆီးခံ မြန်မာနှစ်ဦး အာမခံပယ်ချခံရ
ထိုင်းနိုင်ငံ ခိုထောင်းကျွန်းလူသတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား အလုပ်သမားနှစ်ဦးအတွက် မြန်မာသံရုံးက ထိုင်းဘတ်ငွေ နှစ်သန်းတင်ပြီး အာမခံရဖို့ ဒီနေ့ တင်ပြရာမှာ Koh Samuei ခရိုင်တရားရုံးက ပယ်ချလိုက်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ၂ဝ ရက်နေ့က ရမန်ယူရာမှာ တရားရုံးက အာမခံကြေး ဘတ်ငွေငါးသိန်း တင်ပါက အာမခံရအောင် စဉ်းစားပေးမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒါပေမယ့် မြန်မာသံရုံးက အာမခံ ရစေလိုတဲ့အတွက် တစ်ဦးကို ဘတ်ငွေတစ်သန်းစီနဲ့ ပိုပေးပြီး ဒီနေ့ လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။
RFA Burmese

မှတ်ချက်များ