နာမည်ကျော် ဗစ်တိုးရီးယား ရေတံခွန်ပေါ်ကို ကြိုးတန်းလမ်းလျှောက်
ဂျာမနီက အသက် ၂၆ နှစ်အရွယ် စီးပွားရေးသိပ္ပံ ကျောင်းသား လူကက်စ် အိုင်ရမ်လာ နဲ့ သြစတြီးယားက အသက် ၃၄ နှစ်အရွယ် ဂျာနယ်လစ်နဲ့ စာရေးဆရာ ရိန်းဟဒ် ကလိုင်းဒစ်လ် တို့ဟာ မီတာ ၁၀၀ ရှည်တဲ့ ကြိုးကို သွယ်တန်းပြီး နာမည်ကျော် ဗစ်တိုးရီးယား ရေတံခွန်ကို အောင်မြင်စွာ ဖြတ်ကျော်ခဲ့ကြပါတယ်။
ပရော်ဖက်ရှင်နယ် ကြိုးတန်း လမ်းလျှောက်သူ သူတို့နှစ်ဦးဟာ ဇင်ဘာဘွေမှာရှိတဲ့ နာမည်ကျော် ဗစ်တိုးရီး ယား ရေတံခွန်ပေါ်ကို ဖြတ်လျှောက်ဖို့ ၂ နှစ် အချိန်ယူ ပြင်ဆင်ခဲ့ကြရပြီး နိုဝင်ဘာ ၇ ရက်နေ့ကတော့ သူတို့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဗစ်တိုရီးယား ရေတံခွန်ဟာ ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှုအမွေ စာရင်းဝင်ဖြစ်ပြီး ဇမ်ဘီးယားနဲ့ နယ်စပ်မှာ တည်ရှိပါတယ်။
ကြိုးတန်းလမ်းလျှောက်မယ့် အစီအစဉ်အတွက် ကြိုးကို သွယ်တန်းနိုင်ဖို့ ဇင်ဘာဘွေ ပန်းခြံနှင့် တောရိုင်း ဌာန စီမံခန့်ခွမှုအဖွဲ့ဆီကနေ ခွင့်ပြုချက်တောင်းတာ ၇ လကြာတယ်လို့လည်း သိရပါတယ်။
DVB

မှတ်ချက်များ