သမီးတွေက ဘီကီနီ ၀တ်စုံ ၀တ်ဆင်ပြီး ၀န်ဆောင် မှု ပေးနေပါတယ်။ ဒီလုပ်ငန်းကို အသက်(၄၇)နှစ် အရွယ် မက်မာဟွန်က ပိုင်ဆိုင်ထားပြီး ပြီးခဲ့တဲ့ ငါးနှစ် ကတည်းက လုပ်ကိုင်နေခြင်း ဖြစ်ပါတယ်။
မက်မာဟွန် က သမီး ဖြစ်သူ ကျောင်းစရိတ် ရဖို့ ဒီလုပ်ငန်းကို လုပ်ကိုင်နေခြင်း ဖြစ်ပြီး လုပ်ငန်းက တဖြည်းဖြည်းလူသိများလာ တာာမို့ နေရာ အနှံမှာ ဖွင့်လှစ်သွားဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ ရဲတပ်ဖွဲ့ကမည် သည့် အကြောင်းပြချက်မှ မရှိဘဲ ဒီလုပ်ငန်းကို ပိတ်ပစ်ဖို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။ မက်မာဟွန် က အမျိုးသမီးတွေကို ဘီကီနီ ၀တ်ဆင်ပြီး ကားရေဆေးခိုင်းရာမှာ ၀န်ဆောင်ခ အဖြစ် အမျိုးမျိုး သတ် မှတ် ထားပြီး ရိုးရိုးဆေးရင် ဒေါ်လာ (၁၀)၊ ဖယောင်းနဲ့ ပွတ်တိုက်ရင် ဒေါ်လာ (၆၀) စသဖြင့် ရယူလေ့ ရှိပါတယ်။
လမ်ဘော်ဂီနီ၊ ဖာရာရီ စတဲ့ အကောင်းစားကားတွေ လာရောက် ရေဆေး လေ့ရှိပါတယ်။ အဲဒီမှာ လုပ် ကိုင်နေတဲ့ အသက် (၂၄) နှစ်အရွယ်ရှိ အော်လန်ဒိုက အချို့ကတော့ ကျွန်မတို့ရဲ့ ၀တ်စား ဆင်ယင်ပုံကို လာရောက် ကြည့်တတ်ပါတယ်။ ကျွန်မကတော့ ကားရေဆေးတာကို ဂရုစိုက်နေ တာမို့ ဘာမှ သတိမထား မိပါဘူး။ ဒီအလုပ်ကို လုပ်လို့ ကျွန်မရဲ့ချစ်သူနဲ့ မိသားစု ကလည်း ဘာမှ မပြောပါဘူး လို့ ပြောကြားခဲ့ပါ တယ်။
တစ်နေ့မှာ အမျိုးသမီး ရဲအရာရှိ တစ်ဦး ရောက်လာပြီး ကားရေးဆေးနေ တာကို ဓာတ်ပုံ ရိုက်ကူး သွားပြီး တဲ့နောက် ပိတ်ပင်ပစ်ဖို့ အကြောင်းကြားခဲ့ခြင်း ဖြစ်ပါတယ်။ ဆိုင်ပိုင်ရှင် မက်မာဟွန် ကတော့ အခြားနေ ရာတွေမှာ ဆက်လက် ဖွင့်သွားဖို့ ကြိုးစား သွားမှာ ဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
Messenger

မှတ်ချက်များ