![]() |
| အဘွားပတ်အား ကိုက်ခဲ့သည့် False Widow Spider မျိုးနွယ်တူ ပင့်ကူ တစ်ကောင်။ ဓာတ်ပုံ – Daily Mail |
သေဆုံးသူ အမျိုးသမီးသည် အသက် ၉၀ အရွယ် ပတ်ဂေါ့ဆိုသူ ဖြစ်ပြီး ပင့်ကူက ၎င်း၏ လက်ချောင်းကို ကိုက်မိပြီး နာမကျန်း စဖြစ်ကြောင်း မိသားစုဝင် များ က ပြောသည်။ ပင့်ကူ အဆိပ်ကြောင့် ရောဂါ သည်း လာရာ အဘွားအို ပတ်၏ လက်ချောင်းကို ဖြတ်ပစ် ခဲ့ရသည်။ သို့ သော်လည်း မသက်သာဘဲ နိုဝင်ဘာ ၇ ရက်တွင် ဆေးရုံပေါ်၌ ကွယ်လွန် သွားခဲ့သည်။
ဆေးရုံကမူ ပတ်သေဆုံးမှုသည် ပင့်ကူ အကိုက်ခံရ၍ သေဆုံးခြင်း ဟုတ်မဟုတ်ကို စုံစမ်းနေကြောင်း၊ ပင့် ကူဆိပ် ကြောင့်သာ သေဆုံးရိုး မှန်ခဲ့ပါက ပင့်ကူကိုက် ခံရ၍ ကုသ ပေးရသော လူနာများတွင် ပတ်သည် ပထမဆုံး အသက် ဆုံးရှုံးသည့် လူနာ ဖြစ်ကြောင်း ပြောသည်။
အဘွားပတ်အား ကိုက်သည့် ပင့်ကူ အမျိုးအစားသည် false widow spider မျိုးဖြစ်ပြီး နာမည်ကြီး လူသိများ သည့် black widow spiderမျိုးနွယ်ဝင် ဖြစ်သည်။ ယင်းပင့်ကူမျိုး ကိုက်ခံဖူးသူ တစ်ချို့ သည် မူးမေ့ လဲကျ သည် အထိ ဖြစ်သော်လည်း လက်ရှိ အချိန်ထိ သေဆုံးသည့် သတင်း မကြား ရသေးပေ။
ယင်းပင့်ကူသည် အရွယ်အစား အားဖြင့် ဆယ်ပြားစေ့ခန့် ရှိသည်။ ရာသီဥတု ကူးပြောင်းချိန် ဆောင်းဦး ရာသီတွင် လူနေအိမ် များ၌ ခိုအောင်း လာတတ် သည် ကို ယေဘုယျ တွေ့ ရတတ်သည့် ပင့်ကူမျိုး ဖြစ် သည်။
mizzima

မှတ်ချက်များ