အမြန်လမ်းတွင် ဘုရားဖူးယာဉ်မှောက်


အမြန်လမ်းတွင် စိန်အိုးစည်ဘုရားဖူးယာဉ်တိမ်းမှောက်ပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည် ။နိုဝင်ဘာ ၁၀ ရက်နံနက် ၄ နာရီအချိန်တွင် ရန်ကုန်မြို့သို့ပြန်လာသော စိန်အိုးစည်ဘုရားဖူးယာဉ်သည် မိုင်တိုင် ၁၂၄ တွင်တိမ်းမှောက်ရာ ယာဉ်ပေါ်တွင်လိုက်ပါလာသည့် ခရီးသည် ၁၁ ဦးနှင့် ယာဉ်အကူတစ်ဦး တို့  ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ဒဏ်ရာရရှိသူများသည် ကျောင်းဆရာမများ အများစုဖြစ်ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိ သည်။‘‘ယာဉ်အကူနဲ့ သူ့သူငယ်ချင်းတစ်ယောက် ဒဏ်ရာရတယ်။ ကျန်တာက အမျိုးသမီးတွေပဲ။ တောင် ဥက္ကလာက ကျောင်းဆရာမတွေဖြစ်တယ်။ ဒဏ်ရာရရှိသူထဲက အမျိုးသားတစ်ဦးပဲစိုးရိမ်ရတာပါ။ ကျန်တာ က မစိုးရိမ်ရပါဘူး’’ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ငြိမ်းချမ်း l 7day

မှတ်ချက်များ