မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်မှာ ဖခင်ဖြစ်သူထက် ပိုမိုအန္တရာယ် ကြီးသူဟု ဖခင်၏ ကိုယ်ရံတော်ဟောင်း ဖွင့်ဟ

မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်း ကင်မ်ဂျုံအီ၏ ကိုယ် ရံတော် အဖြစ် ဆောင်ရွက်ခဲ့ဖူးသူက ကင်မ်ဂျုံ အီနေရာကို ဆက်ခံခဲ့သူ လက်ရှိ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံ အန်၏ ကြောက်မက်ဖွယ် ကောင်း ပုံများကို ဖွင့်ဟခဲ့သည်။ လီယောင်ဂွတ်ဟု အမည်ရသည့် အဆိုပါ ကိုယ်ရံတော်
ဟောင်းက ကင်မ်ဂျုံအန်  သည် ဖခင် ကင်မ်ဂျုံအီထက် ပိုမို အန္တရာယ် များသူ ဖြစ်ကြောင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယား ခေါင်းဆောင်ဟောင်း ကင်မ်ဂျုံအီ၏ သက်တော်စောင့် အဖြစ် ၁၀ နှစ်ကြာ ဆောင်ရွက်ခဲ့ သူ လီက လက်ရွေးစင် သက်တော်စောင့် တစ်ဦး ဖြစ်ရန် အတွက် ပြင်းထန် ကြမ်းတမ်းသည့် လေ့ကျင့်ခန်း များ ပြုလုပ်ခဲ့ရပြီး ယင်းတို့ ကိုယ်ခံပညာစွမ်းဖြင့် အုပ်ကျွပ်ပြားများကို လက်သီးဖြင့် ထိုးခွဲ နိုင်သည် အထိ လေ့ကျင့်ကြ ရကြောင်း ဆိုသည်။

“ကင်မ်ဂျုံအီ ရောက်လာပြီ ဆိုရင် သူ့ရဲ့ အကြံပေးတွေက အပြေးအလွှား ပုန်းကြတယ်။ မျက်ခင်းတွေဘာ
တွေထဲ ပစ်လှဲပြီးတော့ပေါ့။ အဲလို ပုန်းကြရင် တစ်ခါတစ်ခါ သူတို့တွေ တစ်ကိုယ်လုံး ဗွက်တွေနဲ့ ပေပွ သွား တတ်တယ်။ သူတို့ဘာလို့ ဒီလို လုပ်ကြလဲ ဆိုတော့ ကင်မ်ဂျုံအီ ကို ကြောက်ကြ လို့ပါ။ ကင်မ်ဂျုံအီက ပျော်
နေရင်တောင် သူတို့ ခေါင်းတွေကို အခန့်မသင့်ရင် ဖြတ်သွား နိုင်တယ်လေ”ဟု CNN နှင့် ပြုလုပ် ခဲ့သည် အင်တာဗျူးတွင် လီဆောင်ဂွတ်က ပြောခဲ့သည်။ ကင်မ်ဂျုံအီ၏ ကိုယ်ပိုင် ဓာတ်လှေခါးနှင့် ထွေးခံကို သုံးမိ သည့် အကြံပေး တစ်ဦးမှာ အကျဉ်းစခန်းသို့ အပို့ခံခဲ့ရပြီး ထိုနေရာမှာတွင် သေဆုံးသွား ခဲ့ရသည်။

“ကင်မ်ဂျုံအန်ဟာ သူ့အဖေတောင် မသတ်ခဲ့တဲ့ သူ့ဦးလေး ဖြစ်သူကို အာဏာ ခိုင်မြဲဖို့အတွက် တစ်ခုတည်း နဲ့ သတ်ခဲ့တယ်။ နိုင်ငံ့ အာဏာကို မျိုးဆက် တစ်ခုတည်းက သုံးဆင့်လောက် လက်ဆင့် ကမ်းလာတဲ့ အခါ မှာ ရက်စက်ကြမ်းကျုတ်မှု အဖြစ် ပြောင်းလာခဲ့တယ်။ ကင်မ်ဂျုံအန် ဟာ လူတွေကို အကြောက်တရားနဲ့ လွှမ်းမိုးပြီး သူ့ကို သစ္စာရှိဖို့ အားထုတ်ခဲ့တယ်။ ဒါပေမဲ့ အဲဒီသစ္စာရှိမှု အစစ်အမှန်ကို သူမရခဲ့ဘူး။ သူရတာ က အတုကြီးပဲ”ဟု လီဆောင်ဂွတ်က ဆက်လက် ပြောကြား ခဲ့သည်။

နောက်ပိုင်းတွင် သူ၏ ဆွေမျိုးတော်သူ တစ်ဦး ကင်မ်ဂျုံအန်၏ ယာဉ်မောင်း ဖြစ်လာခဲ့ သောကြောင့် လီမှာ မိသားစု အတွင်းမှ လူတစ်ဦးသာ တာဝန်ထမ်းဆောင်ခွင့် ရှိသည့် စည်းမျဉ်းကြောင့် လီဆောင်ဂွတ်မှာ ကိုယ် ရံတော် အဖြစ်မှ အနားယူခဲ့သည်။ လီသည် မွေးရပ်မြေ သို့ ပြန်ရောက်ပြီး နောက်တွင် ဖမ်းဆီးခြင်း ခံခဲ့ရပြီး အကျဉ်းစခန်းသို့ အပို့ခံခဲ့ရသည်။ ယင်းနောက် အကျဉ်းစခန်းမှ လွတ်မြောက် ကာ တောင် ကိုရီးယားသို့ ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် လီဆောင်ဂွတ် အနေဖြင့် ကင်မ်ဂျုံအီ၏ ကိုယ်ရံတော် ဘ၀ အတွေ့အကြုံ များကို စာအုပ်တစ်အုပ် ရေးသားလျှက် ရှိသည်။

mizzima

မှတ်ချက်များ