မက်ဆီ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဂိုးသွင်းဘုရင်ဖြစ်လာ
APOEL အသင်းကို ဘာစီလိုနာက လေးဂိုးပြတ် အနိုင်ရသည့်ပွဲတွင် မက်ဆီက ဟက်ထရစ် သွင်းယူပြီး ချန်ပီယံလိဂ်သမိုင်းတစ်လျှောက် ဂိုးသွင်းဘုရင် ဖြစ်လာသည်။
လီဗာပူးအသင်းမှ ခေါ်ယူထားသော ဥရုဂွေး တိုက်စစ်မှူး ဆွာရက်ဇ်သည် ယင်းပွဲတွင် ဘာကာအ တွက် ၎င်း၏ပထမဆုံးဂိုးကို သွင်းယူနိုင်ခဲ့သည်။ မက် ဆီသည် စပိန်လာလီဂါ သမိုင်းတစ်လျှောက် ဂိုးသွင်း ဘုရင်
ဖြစ်လာပြီး ရက်ပိုင်းအကြာတွင် ရီးရဲလ် ဂန္ထဝင်ဘောလုံးသမား ရာအူးလ်၏ ချန်ပီယံသွင်းဂိုး ၇၁ ဂိုး စံချိန်ကို ချိုးဖျက်လိုက်ခြင်းဖြစ်သည်။
မက်ဆီမှာ ချန်ပီယံလိဂ်တွင် (၉၁)ပွဲ ကစားထားပြီး စုစုပေါင်း သွင်းဂိုး ၇၄ ဂိုးဖြင့် စံချိန်သစ် တင်ထားနိုင် ပြီဖြစ်သည်။
ဘာကာသို့ ရောက်ရှိလာပြီးနောက် ဂိုးဖန်တီးမှု လေးကြိမ်ပြုလုပ်ထားသော တိုက်စစ်မှူးဆွာရက်ဇ်သည် APOEL နှင့်ပွဲတွင် ၎င်း၏ပထမဆုံးဂိုးကို ပွဲကစားချိန် ၂၇ မိနစ်၌ သွင်းယူနိုင်ခဲ့သည်။
AFP

မှတ်ချက်များ