စက်ရုပ်သံနဲ့ ဖုန်းဖြေကြားတဲ့ ဝန်ထမ်း အပြစ်ပေးခံရ

နယူးယောက် ကျန်းမာရေး ဌာန ဝန်ထမ်းတစ်ဦးဟာ စက်ရုပ်အသံနဲ့ ဖုန်းဖြေကြားမိလို့ အပြစ်ပေးအရေးယူ ခံခဲ့ ရပါတယ်။

နယူးယောက် ကျန်းမာရေးဌာန ရုံးဝန်ထမ်း ရော်နဲလ် ဒဲလ်လွန်(၆၆နှစ်ဟာ ဖုန်းဖြေကြားတဲ့အခါ ပရော်ဖက် ရှင်နယ် မပီသစွာနဲ့ စက်ရုပ်လို စကားပြောတဲ့အသံ နဲ့ ဖြေကြားမှုပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒဲလ်လွန်ဟာ စက်ရုပ်သံနဲ့ ဖုန်းဖြေကြားခဲ့မှု ကြောင့် ကျန်းမာရေးဌာန စီမံရေးရာက ရက် ၂ဝ လစာမဲ့ ပြစ် ဒဏ်ပေးခဲ့တယ်လို့ သိရ ပါတယ်။

ဒဲလ်လွန်ကို ကနဦးက ၃၄ရက် အပြစ်ပေး ဒဏ်တပ်ခဲ့ပေမယ့် နောက်ပိုင်း မှာ ရက် ၂ဝသာအပြစ်ပေးအရေး ယူဖို့ ပြောင်း လဲခဲ့တယ်လို့ သိရပါတယ်။

TheFlowerNews

မှတ်ချက်များ