တရုတ်အဖိုးအိုတစ်ဦး လူကုန်ကူးသူထံမှ မိန်းမကိုဝယ်ယူပြီး လှောင်အိမ်ထဲမှာ ၁၂နှစ်ကျော်ကြာ သော့ခတ်သိမ်းထား



တရုတ်ဆောက်လုပ်ရေးအလုပ် သမားတစ်ဦးဖြစ်သူ Luo Jin don (၆၄ နှစ်)ဟာ ဇနီးဖြစ်သူကို လူကုန်ကူး သူများ လက်ထဲက ဝယ်ယူခဲ့ပြီး ဆယ်စုနှစ်တစ်စု ကျော်ကြာအောင် လှောင်အိမ်ထဲမှာသော့ခတ်ပြီး ထားခဲ့ ပါတယ်။

Luo က သူဟာ ဆင်းရဲတဲ့မိသား စုတစ်ခုက ပေါက်ဖွားလာခဲ့ပြီး ညီငယ်၊ ညီ မငယ်တွေကို ကြည့်ရှုစောင့်
ရှောက်ရင်း ကြီးပြင်းလာခဲ့ရတယ်လို့ဆိုပါတယ်။

အချိန် တန်အရွယ်ရောက်လာကြလို့ ညီအစ်ကို မောင်နှမတွေ ကိုယ့်လမ်းကိုယ်လျှောက် သွားကြချိန်မှာ Luo ဟာ အသက်၅ဝအရွယ် ကို ရောက်ရှိနေခဲ့ပါပြီ။

Luo ဟာ စုဆောင်း ထားတာလေးတွေကလွဲလို့ ဘာမှမရှိမှန်း သိလိုက်ရတဲ့ အချိန်မှာ လူကုန်ကူးသူများ လက်ထဲက အမျိုးသမီးငယ်တစ်ဦးကိုဝယ် ယူပြီး ဇနီးအဖြစ် ပေါင်းသင်းနေထိုင်ခဲ့ပါ တယ်။ ၂ဝဝဝပြည့်နှစ်မှာ မိန်းကလေးငယ် အတွက် ငွေချေခဲ့ပြီး တစ်နှစ်အကြာမှာပဲ သူမဟာ ကိုယ်ဝန်ရရှိခဲ့ပြီး Luo လိုချင်နေ ခဲ့တဲ့ သားတစ်ယောက် မွေးဖွားခဲ့ပါတယ်။

Luo ဟာ မိန်းမဖြစ်သူရဲ့နာမည်ကိုတောင် မေးမြန်းခဲ့ခြင်းမရှိဘဲ သူ့ရဲ့မိန်းမ၊ သားရဲ့ မိခင်လို့သာ ရိုးရိုးရှင်း ရှင်း လက်ခံထားခဲ့ပါတယ်။

Luo ရဲ့ ဇနီးဟာ ကလေးမွေးပြီး တစ်နှစ်အကြာမှာတော့ စိတ်ရောဂါဝေဒနာ ခံစားလာခဲ့ရပြီး ရန်လိုသူတစ်
ယောက်ဖြစ်လာခဲ့ပါတယ်။

ယောက္ခမဖြစ်သူကိုလည်း ရိုက်နှက်မှုတွေပြုလုပ်လာခဲ့တယ်လို့ ဆိုပါ တယ်။ Luo ဟာ မိခင်နဲ့ တိုင်ပင်ခဲ့ပြီး ၂ဝဝ၂ ခုနှစ်ကတည်းက ဇနီးဖြစ်သူကို အခန်းငယ် လေးတစ်ခုထဲမှာ သော့ခတ်သိမ်းထားခဲ့ တယ်လို့ သိရပါ တယ်။

Luo က ဇနီးဖြစ်သူကို ဆေးဝါး ကုသဖို့ မတတ်နိုင်တဲ့အတွက် အခုလိုပြု လုပ်ခဲ့ရခြင်းဖြစ်တယ်လို့ ဆိုပါ တယ်။ Luo က သူ့မှာသာ အခြားနည်းလမ်းရှိခဲ့ရင် အခုလို အကြာကြီးချုပ်နှောင်ထားမှာမဟုတ်ပါ ဘူးလို့ ဆိုပါတယ်။

Luo ဟာ လာမည့်နှစ်မှာ အသက် ၆၅နှစ် ပြည့်တော့မှာဖြစ်သလို အလုပ်လည်း ဆက်လက်မလုပ်နိုင်တော့ တဲ့အတွက် အလှူငွေတောင်းခံဖို့ ကြိုးစား လာခဲ့ပါတယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း မှာ မိခင်ဖြစ်သူသေဆုံးသွားခဲ့ပြီး သားဖြစ် သူကလည်း ကျောင်းမှာ အဆင့်ကောင်း ကောင်းရရှိနေပေမယ့် ရန်ဖြစ်လို့ ကျောင်း ထုတ်ခံခဲ့ရပါတယ်။

Luo ဟာ အခုအခါ ပြိုကျလုနီး ပါးဖြစ်နေတဲ့ နေအိမ်ကို ပြုပြင်ဖို့နဲ့ မိန်းမကို ဆေးဝါးကုသနိုင်ဖို့ အလှူငွေရရှိဖို့ ကြိုးပမ်းနေပြီး ပြည်တွင်းမီဒီယာတွေကLuo ကို ကူညီထောက်ပံ့မယ့်သူ ဆက်သွယ်နိုင် ဖို့ ဖုန်းနံပါတ်ပါ သ တင်းစာကြောငြာထဲထည့် ပေးပြီး ကူညီခဲ့ကြတယ်လို့ သိရပါတယ်။

TheFlowerNews‬

မှတ်ချက်များ