ဧရာဝတီဘဏ်က ကျပ်သိန်း ၁ဝဝ အထက် စုသူတိုင်းအတွက် အထူးအပ်ငွေစာရင်းစတင်
ဧရာဝတီဘဏ်က AYA Premium Account ဖွင့်ထားရုံဖြင့် နေ့စဉ် အတိုးတွက်ချက်ပေးမည့် အထူးအပ် ငွေစာရင်း အစီအစဉ် စတင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းဘဏ်ကပြုလုပ်ခဲ့သည့် အပ် ငွေစာရင်းမှာ တစ်ဦးချင်း၊ နှစ်ဦးနှင့်အထက် ဘာသာရေး အသင်းအဖွဲ့များ သာမကဘဲ စီးပွားရေးလုပ်ငန်းများကပါ ငွေအပ်ထား နိုင်ပြီး တစ်နှစ်လျှင် ၈ ဒသမ ၂၅ ရာခိုင်နှုန်း အတိုးဖြင့် တွက်ချက်ပေးမည်ဖြစ်ကာ ယင်း အတိုးရာခိုင်နှုန်းရရှိရန် ငွေစုစာအုပ်ထဲတွင် ကျပ်သိန်း ၁ဝဝ အနည်းဆုံးရှိ ထားရန် လို အပ်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အထူးအပ်ငွေစာရင်း တွင် ကျပ်သိန်း ၁ဝဝ အထက်ရှိမှသာ အတိုး တွက်ချက်ပေးမည်ဖြစ်သော် လည်း သိန်း ၁ဝဝ အောက် ရောက်ရှိသွားလျှင် ၈ ဒသမ ၂၅ အ တိုးကို တွက်ချက်ပေးမည် မဟုတ်ဟုလည်း သိရသည်။
မင်းသန့် | TheFlowerNews

မှတ်ချက်များ