နည်းပညာတက္ကသိုလ်များ ယခုနှစ်မှစတင်ကာ ဝန်ကြီးဌာန ထိန်းချုပ်မှုအောက်မှ ငါးနှစ်အတွင်းတဖြည်းဖြည်းဖြေလျော့ခွင့်ပြု


မြန်မာတစ် နိုင်ငံလုံးရှိ နည်းပညာတက္ကသိုလ် များ အားလုံးကို ဝန်ကြီးဌာန၏ထိန်း ချုပ်မှုအောက်မှ ယခုနှစ်မှ စတင်ပြီး ငါးနှစ်ကင်းလွတ်ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသားပညာရေးဥပဒေ ထွက်ရှိလာပြီဖြစ်သည့်အတွက် မြန် မာနိုင်ငံ၏ ပညာရေးစနစ်အသွင်ကူး ပြောင်းရေး ကာလ ငါးနှစ် သတ်မှတ် ထားပြီး ယင်းနှစ်များအတွင်းဥပဒေ ပါ အချက်အလက်များနှင့်အညီ အကောင် အထည်ဖော် ဆောင်ရွက်ရ မည်ဖြစ်သောကြောင့် သိပ္ပံနှင့်နည်း ပညာ ဝန်ကြီးဌာနအောက်ရှိ နည်း ပညာတက္ကသိုလ်များကို ငါးနှစ်အတွင်း ဝန်ကြီးဌာန ထိန်းချုပ်မှုအောက်မှ ကင်းလွတ်နိုင်ရန် ဆောင် ရွက်ပေး သွားမည်ဖြစ်ကြောင်း စက်မှုနှင့် သက်မွေးပညာ ဦးစီးဌာနမှ သိရသည်။

''ဒီကိစ္စကဥပဒေထဲမှာလဲ ပြဋ္ဌာန်း ထားတဲ့အတွက် အသွင်ကူးပြောင်း ကာလ ငါးနှစ်အတွင်းမှာ လွှတ်လို့ ရတာလေးတွေ တဖြည်းဖြည်းနဲ့ ကျောင်းတွေကို ရပ်တည်နိုင်အောင် လေ့ကျင့်ပြီးတော့ လွှတ်ပေးသွားမှာ ဖြစ်ပါတယ်။

တစ်ခါတည်းရုတ်တရက် သွားတော့ဆိုပြီး လုပ်လို့မရသေးပါ ဘူး''စက်မှုနှင့် သက်မွေးပညာဦးစီး ဌာနမှညွှန် ကြားရေးမှူးချုပ်ဒေါက်တာ ဇော်ဝင်းက ဒီမိုကရေစီတူဒေးသတင်း စာသို့ပြောသည်။

နည်းပညာ တက္ကသိုလ်များ ကို ငါးနှစ်အတွင်းလွတ်လပ်ခွင့်ပေး အပ်သွားမည်ဖြစ်သလိုတက္ကသိုလ် များ၏ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု များနှင့် ပညာရေးဆိုင်ရာ စီမံခန့် ခွဲမှုများကိုလည်း တဖြည်းဖြည်းဖြေ လျှော့ပေး သွားမည် ဖြစ်ကြောင်း သိရ သည်။

''အသွင်ကူးပြောင်းရေးကာလ ငါးနှစ်လို့ သတ်မှတ်ထားပေမယ့် ကျောင်းတွေရဲ့ လုပ်နိုင်တဲ့အပေါ် မူ တည် ပြီးတော့ တစ်နှစ်အတွင်းဖြစ် စေ နှစ်နှစ် အတွင်းဖြစ်စေ လွှတ်ပေး သွားမှာပါ''ဟု ညွှန်ချုပ်ဒေါက်တာ ဇော် ဝင်းက ထပ်မံပြောကြားသည်။

ငါးနှစ်အတွင်း ဝန်ကြီးဌာန အောက်ရှိ နည်းပညာတက္ကသိုလ်များ ကိုသာ လွတ်လပ်ခွင့်ပေးသွားမည်ဖြစ် ပြီး စက်မှုလက်မှုအထက်တန်းကျောင်း များနှင့် နည်းပညာတက္ကသိုလ်များ တွင် ဖွင့်လှစ်ထားသွေှာု သုံးနှစ် သင်တန်းများကို ဝန်ကြီးဌာနအောင် ၌ပင် ဆက်လက်ထားရှိသွားမည်ဖြစ် ကြောင်း သိရသည်။

''COE ကျောင်းတွေလဲ Autonomy ပေးရမှာဖြစ်သလို တက္ကသိုလ်တိုင်းလဲ Autonomy ပေးရ မှာ ဖြစ်ပါ တယ်''ဟု ယင်းက ဆို သည်။

တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာ နအောက်တွင် နည်းပညာတက္က သိုလ် ကောလိပ်ပေါင်း ၆ဝ ကျော်ရှိ နေသည်။

Democracytoday

မှတ်ချက်များ