မော်ဒယ်အေးချမ်းမြတ်မိုးအမှု စွပ်စွဲခံရသူဘက်မှ ဓာတ်ပုံသက်သေတင်ပြ


မော်ဒယ် အေးချမ်းမြတ် မိုးအမှုတွင် ချစ်သူရည်းစားဆက် ဆံရေးဟုတ်၊ မဟုတ်ကို စွပ်စွဲခံရ သူဘက်က နို ၀င်ဘာ ၂၀ ရက်တွင် သက်သေအဖြစ်ဓာတ်ပုံတင်ပြမှု ကို အနောက်ပိုင်းခရိုင်တရားသူ ကြီးကလက်ခံခဲ့
ကြောင်း သတင်း ရရှိသည်။

ရန်ကုန်မြို့၊ ဦးဝိစာရအိမ် ရာဝင်းအတွင်းနေထိုင်သူ သရုပ် ဆောင် မော်ဒယ် အေးချမ်းမြတ် မိုးသည် ၎င်းနေ ထိုင်ရာနေအိမ် တိုက်ခန်းရှေ့တွင် အောက်တိုဘာ ၂၉ ရက်က အသတ်ခံခဲ့ရပြီး ယင်း သေဆုံးမှုနှင့် ပတ် သက်၍ တရား လိုပြသက်သေအဖြစ် စစ်ဆေးရာ တွင် ၎င်း၏ သူငယ်ချင်းမိန်းက လေးကိုစစ်ဆေးခဲ့ခြင်းဖြစ် သည်။

ထိုသို့စစ်ဆေးရာတွင် သေ ဆုံးသူ၏ သူငယ်ချင်းဖြစ်သူ ထွက်ချက်အရ စွပ်စွဲခံထားရသည့် အံ့ဖြိုးပိုင်က ချစ် သူအဖြစ်လက်ခံ ရန်ပြောပြီး လက်မခံပါက ၎င်း အားသတ်ပစ်မည်ဟု ခြိမ်းခြောက် ခဲ့သည့်အပြင် မိမိကိုယ် ကိုယ် လည်း သေကြောင်းကြံမည်ဟု ပြောဆိုခဲ့သည်ဟုဆိုသည်။

ထို့ကြောင့်စွပ်စွဲခံထားရသူ ဘက်မှ ရှေ့နေက သေဆုံးသူနှင့် အံ့ဖြိုးပိုင်အပါအ၀င် ယခုသေ ဆုံးသူ၏ သူ ငယ်ချင်းဖြစ်သူတို့ အခင်းမဖြစ်မီမွေးနေ့ပွဲတစ်ခု၌ အတူရိုက်ကူးထားသော ဓာတ်ပုံ များကို တရားသူကြီးထံ သက်သေ အဖြစ် တင်ပြခဲ့သည်။

‘‘သူတို့ဘက်က ချစ်သူဖြစ် ကြောင်း ငြင်းနေလို့။ သူတို့ချင်း ရင်းရင်းနှီးနှီးရိုက်ထားတဲ့ပုံတွေ တင်ပြလိုက် တာ’’ဟု အံ့ဖြိုးပိုင်၏ ရှေ့နေ ဦးစိန်မြင့်ကပြောသည်။

‘‘အဲဒီပုံတွေက ဖိုတိုရှော့နဲ့ ပြင်လို့ရတယ်။ မျက်နှာတွေက လည်းဝါးနေတယ်’’ဟု တရားလို သက်သေအဖြစ် စစ်ဆေးခံခဲ့သည့်သေဆုံးသူ၏ သူငယ်ချင်းက မီဒီ ယာများအား ဖြေကြားခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ တရားရုံးတွင် တရားလိုပြသက် သေ ၂၀ ဦးနှင့် တရားခံပြသက် သေ ၂၀ ဦးတို့ စစ်ဆေးသွားမည် ဖြစ်ပြီး တရားလိုသက်သေအဖြစ် သေဆုံးသူ၏ အစ်ကိုဖြစ်သူ အာကာဝဏ္ဏ၊ ရပ် ကွက် ဆယ်အိမ်မှူးနှင့် ငယ်သူငယ်ချင်းဖြစ်သူ စုစုပေါင်း သုံးဦးကို စစ်ဆေးခဲ့ပြီးဖြစ်သည်။

အေးမြတ်သူ | 7day






မှတ်ချက်များ