လန်ဒန်မြို့မှာ ပြုလုပ်တဲ့ Guinness World Records ကနေ ကြီးမှူးတဲ့ အခမ်းအနား တစ်ခုအတွင်း ကမ္ဘာ့ အရပ် အပုဆုံးနဲ့ အရပ် အမြင့်ဆုံး လူသားနှစ်ဦး တွေ့ဆုံခဲ့ ကြပါတယ်။
ကမ္ဘာတလွှားက ထူးဆန်းတဲ့ လူသားတွေ စုပေါင်းပြီး Guiness World စံချိန် တင်နိုင်ဖို့အတွက် Guiness World Records Day နေ့မှာ ဆုံကြတာ ဖြစ်ပါတယ်။
အဲဒီအထဲမှာ အရပ်အရှည်ဆုံး လူသား Sultan Kosan နဲ့ ကမ္ဘာ့အရပ် အပုဆုံးလူသား Chandra Bahadur Dangi တို့ ပါဝင်ပါတယ်။
Kosen ဟာ တူရကီနိုင်ငံသား ဖြစ်ပြီး အရပ် ၂.၅၁ မီတာ ရှိနေချိန်မှာတော့ နီပေါနိုင်ငံသား Dangi ကတော့ အရပ် ၅၅ စင်တီမီတာသာ ရှိပါတယ်။
ဓာတ်ပုံမှာ မြင်ရတာကတော့ အသက် ၃၁ နှစ်အရွယ် လယ်သမား Kosen က အသက် ၇၄ နှစ်အရွယ် Dangi ကို ကုန်းပြီး နှုတ်ဆက်နေတဲ့ ပုံပဲ ဖြစ်ပါတယ်။
လန်ဒန်မြို့က ပါလီမန်ရှေ့မှာ ရိုက်ထားတဲ့ ပုံပါ။
Dangi နဲ့ မတွေ့ရခင်မှာ သူ့ရဲ့ ခြေထောက် ဘယ်လောက်နားအထိ ရောက်မလဲ၊ ဘယ်အရွယ် ရှိမလဲဆိုတာ ကို စိတ်ကူးယဉ်ခဲ့ပြီး တကယ်တွေ့တဲ့အခါမှာတော့ အရမ်းကို သေးငယ်တာကို တွေ့ခဲ့ရတယ်လို့ Kosen က ပြောပါတယ်။
အဲဒီလောက် သေးငယ်တဲ့ ပုဂ္ဂိုလ်ကို ကုန်းကွပြီး နှုတ်ဆက်ရတာက ခက်ခဲတယ်လို့လည်း ပြောပါတယ်။
အရပ်ရှည်လွန်းတဲ့အတွက် ကြာကြာ မတ်တတ်ရပ်ဖို့ ခက်ခဲသလို ကုန်းတဲ့အခါမှာလည်း ခက်ခဲတယ်လို့ သိရပါတယ်။
Kosen ဟာ ကမ္ဘာ့ အရပ် အမြင့်ဆုံး လူသား ဖြစ်သလို သူ့ရဲ့ လက်ဖဝါးဟာလဲ 28.5 စင်တီမီတာရှိတဲ့အ တွက် ကမ္ဘာ့အကြီးမားဆုံး လက်ဖဝါးကို ပိုင်ဆိုင်သူလည်း ဖြစ်ပါတယ်။
Guinness အနေနဲ့ ကမ္ဘာ့ထူးဆန်းတဲ့ လူသားတွေကို စာရင်းပြုစုလာတာ အခုဆိုရင် နှစ်ပေါင်း ၆၀ ရှိသွား ပြီ ဖြစ်ပါတယ်။
ABC Radio Australia

မှတ်ချက်များ