ကျွန်ုပ်တို့အတွက် ဒီနှစ်ဟာ တစ်နှစ်လုံး Sony နဲ့ Microsoft ရဲ့ PlayStation 4 ၊ Xbox One ဂိမ်းစက်နှစ် မျိုးကို စမ်းသပ်ပြီးခဲ့ပါပြီ။ နှစ်ခုလုံး စတင်ထွက်လာကာစ ကတည်းက PlayStation 4 ကို Xbox One ထက် ပိုပြီး ကောင်းမွန် တယ်လို့ သတ်မှတ်ခဲ့ကြပါတယ်။ အခုထိလည်း PlayStation 4 က ပိုမို ကောင်း မွန်နေဆဲ ပါ။
PlayStation 4 ဟာ တောက်ပတဲ့ ရုပ်ထွက်တွေ ရိုးရှင်းပြီး ယုတ္တိတန်တဲ့ မျက်နှာပြင်ပေါ်မှ လုပ်ဆောင်မှုနဲ့ အတူ ဆန်းသစ်တဲ့ ဂိမ်းခလုတ် ( Controller ) လည်းပါရှိပါတယ်။ PS 4 ဟာ online ကနေတစ်ဆင့် ချိတ် ဆက်ပြီး ဂိမ်းကစားဖို့ အတွက် အရမ်းလွယ်ကူပါတယ်။
ဂိမ်းကစားသမားတွေဟာ အခုချိန်မှာ PS 3 နဲ့ Xbox 360 တို့ကို ကစားနေကြပါသေးတယ်။ PS 4 နဲ့ Xbox One တို့မှာ ရွေးချယ်စရာဂိမ်းတွေ နည်းနေသေးတဲ့အတွက်ပါ။ ဒါပေမယ့် ၂၀၁၅ မှာတော့ PS 4 နဲ့ Xbox One တို့ကနေ ဂိမ်းအသစ်တွေ အသီးသီး ထွက်လာတော့မှာပါ။ ကြိုတင် ကြေညာထားပြီးသားဖြစ်တဲ့ Bloodborne နဲ့ The Order 1886 တို့အပါအ၀င် အခြား ဂိမ်း အသစ်တွေလည်း ပါဝင်လာမှာဖြစ်ပါတယ်။ Call Of Duty, Assasin’s Creed နဲ့ Madden Series တို့လို Third-Party ဂိမ်းတွေအတွက် ပိုမိုကောင်းမွန် တဲ့ လုပ်ဆောင်မှုတွေကို ရရှိနိုင်ပါတယ်။
Netflix ၊ Youtube နဲ့ Hulus Plus တို့နဲ့လည်း ချိတ်ဆက်ရတာ လွယ်ကူပါတယ်။ Blu-ray player လည်း ပါဝင်ပြီးသားဖြစ်ပါတယ်။ ၂၀၁၅ မှာတော့ ဂိမ်းသမားတွေ ရဲ့ ရွေးချယ်မှုဟာ PlayStation 4 ပဲဖြစ်လာတော့ မှာပါ။
Trend Myanmar

မှတ်ချက်များ