အဝတ်လျှော် ဆပ်ပြာအိတ်ကလေးများက ကလေးများ အသက်အန္တရာယ်ရှိနိုင်

သကြားလုံးပုံစံ အ၀တ်လျှော် ဆပ်ပြာအိတ်ကို တွေ့မြင်ရစဉ်။
သကြားလုံးပုံစံ တောက်ပသော အဝတ်လျှော် ဆပ်ပြာအိတ်ကလေးများသည် ကလေးများအတွက် အ သက်အန္တရာယ်ရှိကြောင်း သုတေသနပညာရှင်များက နိုင်ဝင်ဘာ ၁၀ ရက်တွင် သတိပေးလိုက်သည်။

အမေရိကန်နိုင်ငံတွင် အဆိုပါ ဆပ်ပြာအိတ်ကလေးများကို ကလေးများက သကြားလုံးအမှတ်ဖြင့် မျိုချမှု
ဖြစ်ရပ်များ ပိုမိုများပြား လာပြီးနောက် ယခုကဲ့သို့ သတိပေးချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

အမေရိကန်ကုန်စုံဆိုင်များတွင် ၂၀၁၀ ပြည့်နှစ်မှ စတင်ရောင်းချလာခဲ့သည့် အဆိုပါ ဆပ်ပြာအိတ်ကလေး များသည် အ၀တ်တစ်ခါလျှော်စာ ထုပ်ပိုးထားပြီး ရေနှင့် လျှပ်စစ်လိုအပ်မှု လျှော့ချသွားနိုင်ရန် စီစဉ်ထား
ခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ယင်းကဲ့သို့ ခြောက်နှစ်အောက် ကလေးများက ဆပ်ပြာအိတ်လေးများ ကို မျိုချခဲ့သည့် ဖြစ်စဉ်ပေါင်း ၁၇၀၀၀ ကြိမ် ဖြစ်ပွားခဲ့ခြင်းကို အမေရိကန်အဆိပ်သင့်မှု ထိန်းချုပ်ရေးဌာန များသို့ ရောက်ရှိလာခဲ့ရာ တစ်နာရီလျှင် ကလေးတစ်ဦးနှုန်း ဖြစ်ကြောင်း အဆိုပါ လေ့လာတွေ့ရှိမှုတွင် ဖော်
ပြထားသည်။

“အ၀တ်လျှော်ဆပ်ပြာအိတ်ကလေးတွေဟာ သေးငယ်ပြီး အရောင်စုံအောင်လုပ်ထားလို့ ကလေးတွေ အ တွက် သကြားလုံးလိုလို သစ်သီးရည်လိုဖြစ်နေပါတယ်” ဟု အိုဟိုင်းယိုးပြည်နယ် ဗဟို အဆိပ်ဌာနမှ ပညာ ရှင် မာဆယ်ကာဆာဗန့်က ပြောကြားခဲ့သည်။

“ဒါလေးတွေကို ဆွဲယူပြီး ဖွင့်မယ် ပြီးနောက် အထဲက အဆိပ်သင့်တတ်တဲ့ ဆပ်ပြာရည်တွေကို မျိုချဖို့ ဒါမမ ဟုတ် မျက်လုံးထဲကိုရောက်ဖို့ ကလေးတွေအတွက် စက္ကန့်အနည်းငယ်ကြာပါတယ်” ဟု ၎င်းက ပြောကြား သည်။

ဖြစ်စဉ်တစ်ခုတွင် ကလေးငယ်တစ်ဦး သေဆုံးပြီး ၇၆၉ ဦး ဆေးရုံတင်ခဲ့ရသည်။ ဖြစ်ပွားမှု၏ သုံးပုံနှစ်ပုံခန့် သည် တစ်နှစ်သားမှ နှစ်နှစ်သား လမ်းလျှောက်တတ်စ အရွယ်များဖြစ်ကြောင်း သိရသည်။

mizzima

မှတ်ချက်များ