မိဖနှစ်ဦးအားအရှင်လတ်လတ်မီးရှို့အသတ်ခံရသည့်ဖြစ်ရပ်ကို သားဖြစ်သူကလေးငယ်မှပြောပြ



နိုဝင်ဘာ ၄ ရက် နေ့က လာဟိုးမြို့တစ်နေရာ၌ ကုရ်အာန်ကျမ်းအားစော်ကားမှုဖြင့် မီးရဲရဲတောက်နေသော အုတ်ဖုတ်သည့်မီး ဖိုထဲပစ်ထည့်ကာ အရှင်လတ်လတ်မီးရှို့သတ်ခံရသည့် ခရစ်ယာန်လင်မယားနှစ်ဦး၏ ကျန်ရစ်သူ ၆ နှစ်သား ကလေးငယ်အား ၎င်းမျက်မြင်တွေ့ရှိခဲ့ရသော မိဘနှစ်ပါးအသတ်ခံရပုံ အဖြစ်အ ပျက်အား မေးမြန်းရာကလေးငယ်မှ ၎င်း၏ မိဘများကို လူအုပ်မှ နှိပ်စက်ညှင်းပမ်းကြကြောင်း၊

ထို့နောက် ကြိုးနှင့်တုတ်၍ ထွန်စက်နောက်၌ တရွတ်တိုက် ချိတ်ဆွဲကာ ရပ်ကွက်အနှံ လှည့်လည်မောင်းနှင် ခဲ့ကြကြောင်း၊ နောက်ဆုံးတွင် ၎င်း၏ မိဘနှစ်ပါးနှစ်ဦးကို အုတ်ဖုတ်သည့်မီးဖိုထဲပစ်ထည့်ကာ အရှင်လတ် လတ် မီးလောင်တိုက်သွင်းလိုက်ကြကြောင်း ဖြေကြားခဲ့သည်။

ခရစ်ယာန်လင်မယားနှစ်ဦးအား မီးဖိုထဲပစ်မထည့်ခင် ထွက်မပြေးနိုင်အောင်ဆို၍ ၎င်းတို့၏ ခြေထောက် များအား ရိုက်ချိုးခဲ့ကြကြောင်းလည်း သတင်းများ၌ ဖော်ပြသည်။

မျိုးမင်းသန့်  | ရွှေမြန်မာမီဒီယာ


Christian couple lynching: Son says parent­s... by etribune

မှတ်ချက်များ