![]() |
| ကိုပါကြီး ရုပ်အလောင်းအားရေဝေးသုသာန်ခန်းမ(၁)အတွင်းသို့ သယ်ဆောင်လာစဉ်။ ဓာတ်ပုံ-ဖြိုး(ဘူမိ) |
ကိုပါကြီးအမှုနှင့် ပတ်သက်၍ ကောက်ချက်အမျိုးမျိုး ရှိနေသော်လည်း လက်ရှိတူးဖော်ထားသည့် ရုပ်အ
လောင်း သည် ကိုပါကြီး၏ ရုပ်အလောင်း ဟုတ်၊ မ ဟုတ် ဆရာဝန်များ၏ ဆေးစစ်ချက်၊ မိသား စု၏ အတည်ပြုချက်များ လိုအပ်သည့်အပြင် ကိုပါကြီး၏ ရုပ်အလောင်းဖြစ်ပါက မည် သည့်ဒဏ်ရာ ရရှိထား
ကြောင်း၊ မည်သို့ အ သတ်ခံရကြောင်းကို အတည်ပြုပေးရန်လို အပ်ပြီး စစ်ဘက်ဆိုင်ရာ တရားရုံး၏ ဆုံး ဖြတ်ချက်မှာ ဖြစ်ရပ်မှန်နှင့် ကိုက်ညီမှု ရှိ၊ မရှိကို စောင့်ကြည့်သွားရန်လိုအပ်သည်ဟု သိရသည်။
ဦးကိုကိုကြီးက ''နယ်စပ်ဒေသ တွေမှာ အလားတူဖြစ်ရပ်တွေ အများကြီး ရှိခဲ့တယ်ပေါ့။ ဒါပေမဲ့ ကိုပါကြီး ကိစ္စကျမှ မီးမောင်းထိုးပြလိုက်တယ်။ နောက်တစ်ခု က တရားဥပဒေဆိုင်ရာ ပဋိပက္ခပေါ့။ စစ် ဘက်ဆိုင်ရာ တရားရုံးက အဆုံးအဖြတ် သည် အတည်ဖြစ်တယ်လို့ ဖွဲ့စည်းပုံ အခြေ ခံဥပဒေမှာ အတည်ပြုထားတော့ ဒီကိစ္စ ဟာ အခုလိုမျိုး စစ်ဘက်ဆိုင်ရာ တာဝန် ရှိတဲ့သူတွေ၊ စစ်ဘက်ဝန်ထမ်းတွေ ကျူး လွန်တဲ့ကိစ္စဖြစ်ရင် ကျွန်တော်တို့ ဘယ်လို အရေးယူမလဲဆိုတာကို အလေးအနက်ထား ပြီး စဉ်းစားဖို့ပေါ့လေ။
ဖြစ်ခဲ့တာတွေ အ မှန်အတိုင်းဖော်ထုတ်ဖို့ တရားမျှတမှုကိုရဖို့ အဓိကလိုတယ်။ ကောက်ချက်တွေ အမျိုး မျိုးရှိနေပေမယ့် တကယ့်တရားဝင်က တရား ခွင်မှာ ရင်ဆိုင်ရမယ်။ တရားခွင်မှာ သူတို့ စုံစမ်းစစ်ဆေးမှုတွေ ကို ဘယ်လောက် မှန်မှန် ကန်ကန် ဖော်ထုတ်သလဲဆိုတာ တကယ့် ဖြစ်ရပ်နဲ့ ဘာတွေကွဲလွဲနေသလဲဆို တာနဲ့ ပတ်သက်လို့ တရားခွင်ဟာ မှတ်ကျောက် တင်မယ့်နေရာလို့ မြင်ပါတယ်''ဟု ပြော သည်။
မည်သည့်အဖွဲ့အစည်းက ဖြစ် စေ၊ တစ်ဦးတစ်ယောက်က ကျူးလွန်ပါက ထိုသူကို မှန်မှန်ကန်ကန် ဖော် ထုတ်ပြီးထိ ရောက်စွာ အရေးယူပါက အဖွဲ့အစည်းမှ ခွင့်ပြုထားမှု မရှိခြင်း၊ စနစ်က ခွင့်ပြုထား မှု မရှိခြင်းကို သက်သေပြရာရောက်ကြောင်း ဆိုသည်။
ကိုပါကြီးအမှုနှင့် ပတ်သက်၍ လိုက်လံဆောင်ရွက်ပေးနေသူ တရားလွှတ် တော်ရှေ့နေ ဦးရောဘတ်စန်း
အောင်က ''ပုံမှန်အားဖြင့်တော့ ရုပ်အလောင်းနဲ့ ပတ် သက်ပြီး ဆေးစစ်ချက်က ၁၄ ရက် လောက် ကြာ တယ်။ အဲဒီ တရားဝင်ဆေးစစ်ချက်တွေ ထုတ်ပြန်မှပဲ အဲဒီအပေါ်မှာမူတည်ပြီး ဆောင် ရွက်ရမယ်။ ဒီအ တိုင်းတော့ ဘာမှဆောင် ရွက်လို့ မရသေးဘူး။ ကိုပါကြီးက တပ်မ တော်ရဲ့ အစိတ်အပိုင်းတစ်ခုမှာ အသတ် ခံ ရတယ်ဆိုတာကတော့ မဖြစ်သင့်တဲ့ ကိစ္စ ပေါ့။ ဘယ်လိုအနေအထားမှာပဲ ဖြစ်ဖြစ် ရန်သူ သုံ့ပန်းဖြစ်နေ ရင်တောင် သေဆုံးတဲ့ ထိမလုပ်ရဘူး။ ဒါလုပ်ပြီဆိုရင် ဥပဒေအ ရ မှန်မှန်ကန်ကန် ဖြေ ရှင်းသင့်တယ်''ဟု ပြောသည်။
ကိုပါကြီး၏ ရုပ်အလောင်းကို မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ရွှေဝါ ချောင်ရွာအနီးတွင် ယခုလ ၅ ရက်က ဖော် ထုတ်ခဲ့ပြီး ၇ ရက်က ရန်ကုန်မြို့ ရေဝေးသု သာန်၌ ဂူသွင်းသဂြုင်္ိလ်ခဲ့သည်။
ကိုအောင်ကျော်နိုင်(ခေါ်)ကို ပါကြီးဖြစ်စဉ်တွင် တပ်မတော်သည် လူထု ၏မေးခွန်းထုတ်မှု၊ လူ့အခွင့်အရေး ဆိုင်ရာ စစ်ဆေးချက်၊ အရပ်ဘက်ဥပဒေ၊ စစ်ဘက် ဆိုင်ရာဥပဒေ၊ တပ်တွင်းစည်းကမ်းများနှင့် ဥပဒေ
ကြောင်းအရ လိုက်ပါဖြေရှင်းနေသည် ကို နားလည်ပေးရန်လိုကြောင်း၊ ပြုပြင်ပြောင်း လဲနေသည့် တပ်မ
တော်ကို နည်းမှန်လမ်း မှန်နှင့် အပြုသဘော တုံ့ပြန်နိုင်ရန် အရေး ကြီးကြောင်း၊ ကမ္ဘာတစ်ဝန်း အသွင်ကူး
ပြောင်း ရေးဖြစ်စဉ်များကို လေ့လာကြည့်ပါက တပ် မတော်တစ်ရပ် ပရော်ဖက်ရှင်နယ်ဖြစ်ရန် ဒီမိုကရက် တစ် လူ့အဖွဲ့အစည်းနှင့် သဟဇာ တဖြစ်ရန် မည်မျှကြိုးပမ်းရသည်ဆိုတာ သိ နိုင်သည်ဟု နိုင်ငံတော်သ မ္မတရုံးမှ အကြီး တန်းအရာရှိကြီးတစ်ဦးက ပြောသည်။
စိုးမြင့်နိုင် | TheFlowerNews

မှတ်ချက်များ