၄၃၆ ပြင်ဆင်ရေး ပြည်သူငါးသန်း လက်မှတ်ကို လျစ်လျူရှုပါက လွှတ်တော်၏ဆန္ဒနှင့် ကိုက်ညီမည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူ ငါး သန်းခန့် လက်မှတ်ရေးထိုးထား သော ပြည်သူ့ဆန္ဒ ကောက် ယူမှုအား လွှတ်တော်အနေဖြင့် လျစ်လျူရှုမည် ဆိုပါက လွှတ်တော်၏ဆန္ဒနှင့် ကိုက် ညီမည်မဟုတ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်က ပြောကြားလိုက်သည်။

''လွှတ်တော်ရဲ့ ဆန္ဒဟာ ပြည်သူ့ဆန္ဒ ဖြစ်မယ်ဆိုရင်ပြည်သူ ငါးသန်းကျော် လက်မှတ်ရေးထိုးထား တဲ့ ၄၃၆ ပြင်ဆင်ရေးကို လျစ်လျူရှု မယ်ဆိုရင် လွှတ်တော်ရဲ့ဆန္ဒနဲ့ ကိုက် ညီမှာမဟုတ်ပါဘူး''ဟု ယင်းက နိုဝင် ဘာ ၅ ရက်က ရွှေဂုံတိုင်ရှိ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းတွင် ကျင်းပသော သတင်းမီဒီယာများ နှင့် တွေ့ ဆုံပွဲတွင် ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ပြည်သူ့ဆန္ဒ လက်မှတ်ရေးထိုးမှုကို အမျိုးသားဒီမို က ရေစီအဖွဲ့ချုပ်နှင့် ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်း တို့က စာရင်းကောက်ခံခဲ့ရာ ပြည်သူ ငါး သန်းနီးပါးက လက်မှတ်ရေးထိုးခဲ့ ပြီး ပြန်လည်သုံးသပ်ရေး အစီရင်ခံ စာတစ်ရပ်ကို လာမည့် လွှတ်တော် အစည်းအဝေး တွင် ဆွေးနွေးနိုင်ရန် တင်ပို့ထားကြောင်း ယင်းက ပြော ကြားခဲ့သည်။

သတင်းမီဒီယာ တွေ့ဆုံ ပွဲတွင် ၂ဝ၁၅ ရွေးကောက်ပွဲ၊ ၄၃၆ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေး၊ တရား ဥပဒေစိုးမိုး
ရေး ၊ လွှတ်တော်နိုင်ငံရေး အစရှိသည်တို့နှင့် ပတ်သက်ပြီး သ တင်းမီဒီယာများ၏ မေးမြန်းမှုကို ယင်းက ဖြေကြားခဲ့သည်။

အချင်းချင်းကြား ကလဲ့ စားချေလိုသည့်စိတ်ကြောင့် ငြိမ်း ချမ်းရေးဖြစ်စဉ်များ မပြေလည်မှုများ နှင့် ကြုံတွေ့
နေရကြောင်း၊ မတူညီ သည့် သဘောထားများ တူညီအောင် ညှိနှိုင်းရန် အမျိုးသားပြန်လည်ရင် ကြားစေ့ရေး မှာ NLD ၏ အဓိက မူဝါဒတစ်ရပ်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။

''အတိတ်ရဲ့ ချည်နှောင် မှုတွေကို မခံချင်ဘူး။ သဘောထား ကြီးရမယ်။ အမျိုးသားရင်ကြားစေ့ ရေးနဲ့ပတ် သက်ပြီး အရေးကြီးဆုံးလို့ NLD က ခံယူထားတယ်။ ရန်ကို ရန် ချင်း မသတ်မှတ်ချင်ဘူး''ဟု ယင်း က အဆို ပါနေ့တွင် သတင်းမီဒီယာ များသို့ ပြောသည်။

လက်ရှိ အစိုးရလက် ထက်တွင် တရားဥပဒေ စိုးမိုးရေး နှင့်ပတ်သက်ပြီး အထိုက်အလျောက် ကျေနပ်မှုရှိခဲ့ ပြီးတရားဥပဒေစိုးမိုး ရေးကိစ္စရပ်မှာ ဥပဒေပြုရေး မဏ္ဍိုင် တစ်ခုတည်းက ပြုလုပ်၍မရသည့် အတွက် မဏ္ဍိုင် သုံးခု ပေါင်းပြီး လုပ် ဆောင်သင့်ကြောင်း၊ သို့သော် ထိ ထိရောက်ရောက် မရှိသေးကြောင်း ဒေါ်အောင်ဆန်း စုကြည်ကဆက် ပြောသည်။

၂ဝ၁၅ ခုနှစ် ရွေးကောက် ပွဲနှင့်ပတ်သက်ပြီးလည်း ပါတီ၏အ မြင်ကို NLD က ထွက်ပေါက်ရှာ နေတာ မဟုတ်ပါဘူး။ တိုင်းပြည် အတွက် ထွက်ပေါက်ရှာနေတာပါ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ သည်။

သော်ဇင်ထက် | TheFlowerNews

မှတ်ချက်များ