ဟံသာဝတီလေဆိပ် တည်ဆောက်ပြီးပါက ရန်ကုန်လေဆိပ်သို့ ပြည်ပလေယာဉ်များ ဆိုက်ရောက်ခွင့် ကန့်သတ်မည်


ဟံသာဝတီအပြည် ပြည်ဆိုင်ရာလေဆိပ်သစ် တည်ဆောက် ပြီးစီးပါက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေ ဆိပ်သို့ ပြည်ပလေယာဉ်များ ဆိုက်ရောက် ခွင့်ကို ကန့်သတ်သွားမည်ဖြစ်ကြောင်း လေ ကြောင်းပို့ဆောင်
ရေးညွှန်ကြားမှုဦးစီးဌာန မှသိရသည်။

''ဟံသာဝတီ အပြည်ပြည်ဆိုင် ရာလေဆိပ်သစ် ပြီးတာနဲ့ နိုင်ငံတကာလေ ကြောင်းလိုင်းတွေကို ကျိန်းသေ လေဆိပ် သစ်ကို ရွှေ့ရမှာပါ။ ပြည်တွင်းလေကြောင်း လိုင်းကတော့ သီးသန့်ရွှေ့ရမယ်လို့ မဆို လိုပါဘူး။ International Operate Air Line တွေကတော့ ကျိန်းသေ လေဆိပ်သစ် ကိုရွှေ့ရမှာပါ''ဟု လေကြောင်း ပို့ဆောင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေ ထွန်းက ပြောသည်။

လက်ရှိတွင် အဆိုပါ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်သစ်အား တည် ဆောက်ရန် စင်္ကာပူနှင့် ဂျပန် ပူးပေါင်းဖွဲ့စည်း ထားသော Yongnam-CAPE JGC Consortium ကုမ္မဏီအား အပြီးသတ် ရွေး ချယ်မှုပြု လုပ်ထားပြီး လုပ်ငန်းစတင်နိုင်မည့် အချိန်ကိုမူ အတိအကျ ထုတ်ပြန်ကြေညာ ခြင်း မရှိသေးပေ။

ရန်ကုန်လေဆိပ်သည် များပြား လာသော လေကြောင်းလိုင်းနှင့် တိုးတက် လာသော ခရီးသည် အဝင်အ ထွက်၊ အရေ အတွက်များကြောင့် ၂ဝ၁၅ တွင်လုံလောက် သော ဝန်ဆောင်မှု ပေးနိုင်တော့မည်မဟုတ် ၍ ရန်ကုန်မြို့နှင့် မိုင် ၅ဝ ဝေးသော ပဲခူးတိုင်း ဒေသကြီးတွင် ဟံသာဝတီ အပြည်ပြည်ဆိုင် ရာ လေဆိပ်သစ် ကြီးတည်ဆောက်ရခြင်း ဖြစ်ကြောင်း လေကြောင်းဦးစီးဌာနက ထုတ် ပြန်ကြေညာထားသည်။

မြေဧက ၉ဝဝဝ ကျော်တွင် တည် ဆောက်မည့် ရန်ကုန်လေဆိပ်ထက် ဆယ် ဆခန့်ကြီးမားမည့် ဟံသာဝ တီလေဆိပ်တည် ဆောက်ပြီးစီးပါက တစ်နှစ်လျှင် လူဦးရေ ၁၂ သန်းခန့် ဝင်ထွက်သွားလာနိုင်မည်ဖြစ် ပြီး နိုင်ငံတကာ လေကြောင်းလိုင်းများ အဓိ ကထား ဆင်းသက်နိုင်ရန် ရည်ရွယ်ထား ကြောင်း လေကြောင်းဦး စီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်ဦးဝင်းဆွေထွန်းက ပြောသည်။

ဇွဲမာန် | TheFlowerNews

မှတ်ချက်များ