မစ္စတာအင်တာနေရှင်နယ်ပြိုင်ပွဲ ပထမဆုံးဝင်ပြိုင်မယ့် အောင်ချမ်းမြ

မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် မစ္စတာအင်တာနေရှင်နယ်ပြိုင် ပွဲတွင် ယှဉ်ပြိုင်ခွင့် ရရှိထားသည့် အောင်ချမ်းမြသည် ဒီဇင် ဘာ ၃၀ရက်၌ ပြိုင်ပွဲဝင်ရန် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ သို့ သွားရောက်မည်ဖြစ်သည်။

‘‘အခုချိန်မှာတော့ ကျွန်တော်ကိုယ်ခန္ဓာကြံ့ခိုင်မှုအတွက်
သေချာလေ့ ကျင့်မှု တွေ ပြုလုပ်နေပါတယ်။ ဇန်န၀ါရီမှာ ပြိုင် ရမှာဖြစ်တဲ့အတွက် လေ့ကျင့်ချိန်တော့ အများကြီးရှိသေး တယ်’’ဟု ပြောသည်။

ပြိုင်ပွဲကို ဇန်န၀ါရီ ၁၄ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲဝင် များအနေနှင့် ရက်သတ္တပတ်နှစ်ပတ်ကြိုတင် သွားရောက်ရ
ခြင်းဖြစ်သည်။

အောင်ချမ်းမြသည် ၂၀၁၃ ခုနှစ်ကလည်း တောင်ကိုရီးယား
နိုင်ငံတွင် ကျင်းပ ခဲ့သည့် Face of Myanmar ပြိုင်ပွဲ၌ ဆုရ ရှိခဲ့ဖူးသည်။

ဟန်သူ | 7day

မှတ်ချက်များ