![]() |
| Baghdadi (Credit: AFP) |
အမေရိကန်နိုင်ငံကနေ ပြုလုပ်တဲ့ ဝေဟင်တိုက်ခိုက်မှု တစ်ခုအတွင်း IS ခေါင်းဆောင် Abu Bakr al Baghdadi ဒဏ်ရာရတယ် ဒါမှမဟုတ် သေဆုံးသွားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ပြီးနောက် အခုလို အသံဖိုင်တွေ ထွက်ပေါ်လာတာပါ။
အဲဒီအသံဖိုင်ထဲမှာ Baghdadi လို့ ယူဆရတဲ့ ပုဂ္ဂိုလ်က ၁၆ မိနစ်ကြာ စကားပြောဆိုထားပြီး သူ့ရဲ့ မိန့်ခွန်း ထဲမှာတော့ ဆော်ဒီအာရေးဗီးယားနိုင်ငံကို တိုက်ခိုက်ပြီး တစ်ယောက်တည်းကျန်ခဲ့မယ်ဆိုရင်တောင်
အသက်ပေးပြီး တိုက်ခိုက်ဖို့ သူ့ရဲ့ နောက်လိုက်တွေကို တိုက်တွန်းလိုက်ပါတယ်။
အမေရိကန်နဲ့ မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ သြစတြေးလျ၊ ကနေဒါနဲ့ ဥရောပတွေကနေ IS ကို တိုက်ခိုက်မှု လုပ်နေပါစေ မမှုဘူးလို့လည်း ပြောသွားခဲ့ပါတယ်။
ဒါ့အပြင် IS အဖွဲ့နဲ့ ပူးပေါင်းဖို့ အီဂျစ်နိုင်ငံက စစ်သွေးကြွအဖွဲ့တွေ လာရောက်ပူးပေါင်းတဲ့အပေါ်မှာလည်း ကြိုဆိုကြောင်း ပြောသွားခဲ့ပါတယ်။
ဒါပေမဲ့ ဒီပြောဆိုချက်တွေဟာ IS ခေါင်းဆောင် Baghdadi ရဲ့ ပြောဆိုမှုတွေ တကယ်ပဲလား ဆိုတာ ကိုတော့ အတည်မပြုနိုင်သေးပါဘူး။
ဒါပေမဲ့ ဇူလိုင်လက ထွက်ပေါ်လာတဲ့ Baghdadi ရဲ့ ပြောဆိုတဲ့ လေသံနဲ့ ဆင်တူနေတာကို တွေ့ရပြီး ဒီအသံဟာ လူမှုကွန်ယက်ကနေတဆင့် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ABC Radio Australia

မှတ်ချက်များ