စာချုပ်ကိစ္စအငြင်းပွားနေတဲ့ အလင်းရောင်နဲ့ ဂျွန်လွင်
မော်ဒယ်သရုပ်ဆောင် အလင်းရောင်နှင့် ဂျွန်လွင်၏အေ ဂျင်စီတို့အကြား စာချုပ်ကိစ္စနှင့် အငြင်းပွားနေကြ သည်။
သရုပ်ဆောင် အလင်း ရောင်ကိုစာချုပ်သက်တမ်း ခုနစ် နှစ်ဖြင့် ဂျွန်လွင်နှင့် မဟော်ဂနီ ရုပ်ရှင်ထုတ်လုပ်ရေး တို့က ပူး ပေါင်းချုပ်ဆိုထားပြီး စာချုပ် စည်းကမ်းများကို မလိုက်နာဘဲ အခြား ရုပ်ရှင်ထုတ်လုပ်ရေး ဖျော်ဖြေ ပွဲများတွင် မိမိသဘော ဖြင့် အလုပ်နှင့် ငွေကြေးများ လက်ခံခြင်း၊ အေဂျင်စီကို တိုင်ပင်ခြင်း မရှိဘဲ ဂုဏ်သိ က္ခာကျစေခြင်းများ ပြုလုပ်ထားသလို စာချုပ်စည်း ကမ်းများကို မလိုက်နာဘဲ ထပ်မံ ချိုးဖောက်ပါက ဥပဒေ အရ အရေးယူသွားမည်ဟု ဂျွန်လွင်အနေနှင့် နိုဝင်ဘာ ၇ ရက် ကြေးမုံသတင်းစာ၌ ကြေညာထားသည်။
‘‘ဒီပြဿနာနဲ့ ပတ်သက်ပြီး တော့ တစ်စုံတစ်ရာမဖြေသေးပါ ဘူး။ ပြန်လည်ရှင်းလင်းသွားဖို့ တော့ အစီအ စဉ်ရှိပါတယ်။ အလင်းရောင်နဲ့ ပတ်သက်ပြီး တော့ အစီအစဉ်ဆွဲပြီးတော့မှပဲ ပြန်လည်ဖြေရှင်းပါမယ်’’ဟု
အေ ဂျင်စီဘက်မှ တာဝန်ရှိသူတစ်ဦး ကဆိုသည်။
သရုပ်ဆောင်အလင်းရောင် ကလည်း နိုဝင်ဘာ ၁၉ ရက် ထုတ်ကြေးမုံသတင်းစာတွင် ပြန်၍ ဖြေ ရှင်းထား သည်။
မော်ဒယ်သရုပ်ဆောင် အလင်းရောင်က ၎င်းကိုစာချုပ် သက်တမ်း ၂ နှစ်နှင့် ၄ လအတွင်း ရုပ်ရှင်ကားကြီး
နှစ်ကားနှင့် ဗီဒီ ယိုဇာတ်ကား နှစ်ကားသာ ရိုက် ကူးပေးထားပြီး တေးစီးရီးခွေထွက် ရှိရန်လည်း အချိန် ၂ နှစ်ခန့် ကြာ နေပြီဖြစ်ခြင်းကြောင့် ၎င်း၏ အမေနှင့် အတူ ဂျွန်လွင်ထံသို့ သွား ရောက်၍ စာချုပ်ပြန်
ပြင်ပေးရန် စကားပြောရာမှ ၎င်း၏အမေကို သင်တန်းသားများရှေ့တွင် အရှက်ကွဲစေမည့်စကားများပြော ဆိုဆက်ဆံခဲ့ပြီး ၎င်းကိုလည်း အရှက်ရစေကြောင်း၊ ခုနစ်နှစ် အတွင်း လစဉ်ပေးရမည့် ငွေကျပ် ငါးသောင်း ကိုလည်း တစ်လမှ မပေးဘဲ ရိုက်ကူး၍ရသော ကော် မရှင်ခများကိုသာ ဂျွန်လွင်က ယူ ထားကြောင်းရှင်းပြ သည်။
ထို့ကြောင့် အခြားအနုပညာ ရှင်များမှာ ၂ နှစ်ဆိုသည့် အချိန် အတွင်းတွင် ဇာတ်ကားများစွာ ရိုက်ကူးနိုင်ပြီး ပရိသတ်များကို ချပြခွင့်ရကြကြောင်းနှင့် အလုပ် တစ်ခုခုလုပ်လျှင်လည်း ခွင့် တောင်းပြီးမှ လုပ်ဖြစ်ပြီး မပြေ လည်နေသည့်ကြားမှ ဂျွန်လွင်စီ စဉ်သည့် Panara Show တွင် သည်းခံပြီး ပါဝင်ပေးခဲ့ကြောင်း အလင်း
ရောင်ကပြောသည်။
‘‘ကျွန်တော့်ဘက်က ပြန် လည်ဖြေရှင်းချက်ထုတ်ရတာက လည်း ကျွန်တော့်ကို ပရိသတ် ကြီးအထင် လွဲနေမှာ စိုးလို့ပါ။ ကိုဂျွန်လွင်ကလည်း ကျွန်တော့်ရဲ့ လက်ဦးဆရာပါပဲ။ အဲဒါကြောင့် ကျွန်တော့်ဘက် ကတော့ တရားစွဲ တာတွေ ဘာတွေအထိတော့ မဖြစ်စေချင်ပါဘူး။ တကယ်လို့ သူတို့ဘက်က တရားစွဲ လာလို့ရှိ ရင်လည်း ကျွန်တော်ကလိုက်ဖြေ ရှင်းရမှာပေါ့’’ဟု ၎င်းကပြောသည်။
ဟန်သူ | 7day

မှတ်ချက်များ