အသက် (၁၃)နှစ်သမီးရဲ့ လည်ပင်းမှာ စာလုံးပေါင်းမှားပြီး တက်တူးထိုးပေးမိလိုက်တဲ့ တက်တူးဆရာ ထောင်ဒဏ်ကျခံရ
အင်္ဂလန်နိုင်ငံ Portsmouth က လိုင်စင်မရှိသေးတဲ့ Jackson Rowsell အမည်ရ အသက် ၁၉နှစ်အရွယ် တက်တူးဆရာဟာ အသက် ၁၃နှစ်အရွယ် ကောင်မလေးရဲ့လည်ပင်းမှာ မှားယွင်းတဲ့စာလုံးပေါင်းနဲ့ တက် တူးတစ်ခုထိုးပေးခဲ့တာကြောင့် ထောင်ဒဏ်ကျခံရဖွယ်ရှိနေပါတယ်။
Rowsell ပြောတာကတော့ သူတို့နှစ်ဦး ဖေ့စ်ဘွတ်ခ်ပေါ်မှာ တက်တူးကိစ္စပြောဆိုပြီး ကောင်မလေး ရဲ့ လည်ပင်းကို ၀ီစကီနဲ့ နည်းနည်းဆေးကြောပေးလိုက်ပြီး တက်တူးထိုးပေးခဲ့တာပါတဲ့။ ဖြစ်ချင်တော့ ထိုး ချင်တဲ့စာလုံးက "believe"ဖြစ်ပြီး ထိုးလိုက်တဲ့ စာလုံးက "belleve" ဖြစ်သွားတယ်လို့ သိရပါတယ်။ စာလုံးပေါင်းမှားသွားတာတောင်မှ တက်တူးဆရာက ကောင်မလေးကို ပေါင်၂၀တောင်းခံလိုက်သေးတာက တော်တော်ဆိုးတဲ့အဖြစ်ပါ။
အမည်ဖော်ပြမထားတဲ့ ကောင်မလေးက တက်တူးထိုးပြီးနောက်ပိုင်း စာလုံးပေါင်းမှားသွားတာကို ဒေါသအ လွန်အမင်းထွက်သွားတဲ့အပြင် HIV ပိုးရှိမရှိကိုပါ စစ်ဆေးခဲ့ပါတယ်။
ကံကောင်းစွာနဲ့ပဲ ရောဂါပိုးလုံးဝမရှိဘူးလို့ သိရပေမယ့် ဒီတက်တူးပေါ်မှာစိုးလို့ သူမဆံပင်ကို တစ်ချိန်လုံးနီး ပါးချထားရတယ်လို့ ဆိုပါတယ်။
ခုလို လိုင်စင်မရှိပဲ တက်တူးထိုးခဲ့တဲ့ Rowsell ဟာ ကလေးတွေကို ထိုးပေးခဲ့တာတွေကြောင့်ရော၊ လိုင်စင် မရှိပဲထိုးတာတွေကြောင့်ပါ ထောင်ဒဏ် ၈လကျခံရမယ်လို့သိရပြီး ကောင်မလေးကိုလည်း ပေါင်၃၀၀ ပြန် လည်ပေးဆောင်ရမှာပါ။
Trend Myanmar

မှတ်ချက်များ