ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်း ဧရိယာအတွင်းရှိ ဥယျာဉ်ခြံမြေများ လျော်ကြေးဦးစွာပေးမည်


ထားဝယ် အထူးစီးပွား ရေးဇုန်တွင် ပထမဆုံးအကောင် အထည်ဖော်မည့် စီမံကိန်းမှာ ကနဦးစီမံကိန်းဖြစ်ေ သာကြောင့် ယင်းဧရိယာ၌ ပါဝင်သော ဥယျာဉ်ခြံမြေနှင့် အိမ်ရာများကို ပထမဆုံးလျော်ကြေးပေးမည်ဖြစ်
ကြောင်း ထားဝယ် အထူးစီးပွားရေးဇုန် တည်ဆောက်ရေး အထူးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ၀န်ကြီး ဦးအေးမြင့်က ပြောသည်။

‘‘အခုက စာချုပ်ချုပ်ဖို့ လုပ် နေတယ်။ အဲဒါပြီးရင်တော့ လျော်ကြေးစတင်ပေးတော့မယ်။ ကနဦး စီမံကိန်း မှာပါဝင်တဲ့ မြေဧရိယာတွေကို ပထမဆုံးပေးသွား မှာပါ’’ ဟု ၎င်းက ထပ်မံပြောသည်။

ကနဦး စီမံကိန်းကို ရင်းနှီး တည်ဆောက်သူ အဖြစ်မှ နုတ် ထွက်ခဲ့သော အီတာလျံ - ထိုင်း ကုမ္ပဏီက အကောင်အထည် ဖော်မည်ဖြစ်ပြီး စီမံကိန်းတွင် နှစ် လမ်းသွားကားလမ်း၊ ဆိပ်ကမ်း ငယ်၊ စက်မှုဇုန်ငယ်၊ လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းနှင့် မြို့ပြစီမံကိန်း၊ ရေပေးဝေရေးနှင့် ဆက်သွယ်ရေးလုပ်ငန်းများ ပါဝင် မည် ဖြစ်သည်။

ထားဝယ် အထူးစီးပွားရေး ဇုန်ကြောင့် ပြောင်းရွှေ့ရမည့် မြေဧရိယာ စုစုပေါင်း လေးသောင်းကျော်ရှိ ပြီး ပြောင်းရွှေ့ရမည့် ကျေးရွာ ခြောက်ရွာရှိကြောင်း တရားဝင်ထုတ်ပြန်ထားသည်။ သို့သော်လည်း အဆင့် အလိုက် အကောင်အထည်ဖော်ရမည့် အဆိုပါ စီမံကိန်းတွင် ပထမ၊ ဒုတိယ၊ တတိယအဆင့်ဆင့်ပြောင်း
ရွှေ့ရမည့် ဒေသများ ကို တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပေ။

တစ်နှစ်ကျော်ကြာ ရပ်နားထားသော အဆိုပါ စီမံကိန်းတွင် လျော်ကြေးပေးရမည့် သိမ်း ဆည်း မြေယာ
မြောက်မြားစွာရှိသည်။ မြေယာ လျော်ကြေးပေးချေရေးနှင့် ပတ်သက်၍ ထားဝယ်အထူးစီးပွားရေးဇုန်ရှိ ရာ ကျေးရွာဒေသခံများကို သက်ဆိုင်ရာ အာဏာပိုင်များက နိုဝင်ဘာ ၁၉ ရက်တွင် လာရောက်တွေ့ဆုံ ခဲ့ပြီး မေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

‘‘ဘာမှမလုပ်ဘဲ ပစ်ထား တာ တစ်နှစ်ကျော်ရှိပြီ။ မနေ့ တစ်နေ့ကပဲ ပုဂေါဇွန်းရွာမြောက် ဘက်က သူတို့
လျော်ဖို့ ကျန်တဲ့ မြေတွေ လာကြည့်ပြီး ရွာသားတွေနဲ့ လာတွေ့သွားတယ်။ လျော်ကြေး ဘယ်အချိန်ပေး မယ်လို့တော့ ပြောမသွားဘူး။ လျော်ကြေးက ဒီစာရင်းအတိုင်းပဲ ပေးရမှာလား။ ပြန်စိစစ်ချင်သေးလား လာမေးတယ်။ ပြီးတော့ ပြန်သွားကြတယ်’’ ဟု ထားဝယ်နဘုလယ် ဒေသခံ ကိုလေးလွင်က ပြောသည်။

၂၀၁၃ နိုဝင်ဘာတွင် အီတာလျံ-ထိုင်း ကုမ္ပဏီက ယင်းစီမံကိန်းမှ နုတ်ထွက်ခဲ့ပြီးနောက် စီမံကိန်းကို ရပ်နား ထားသည်မှာ တစ်နှစ်နီးပါးရှိပြီဖြစ်သော်လည်း စီမံကိန်း မရပ်နားမီ မြေယာလျော်ကြေးကိစ္စများမှာ မပြီးပြတ် ဘဲ ရှိနေသေးသည်။

အဆိုပါ စီမံကိန်းတွင် ဂျပန် နိုင်ငံအစိုးရကို ရင်းနှီးတည်ဆောက်သူအဖြစ် ရင်းနှီးမြှုပ်နှံရန် မြန်မာနှင့် ထိုင်း အစိုးရက ကမ်းလှမ်းခဲ့သည်။

ဂျပန်နိုင်ငံအစိုးရက ရင်းနှီး မြှုပ်နှံမည်ဟု အကြောင်းမပြန်ခဲ့ သော်လည်း ရင်းနှီးမြှုပ်နှံမှု မပြု လုပ်မီ စိစစ်
လေ့လာရန် အမေရိကန်ဒေါ်လာ ခုနစ်သိန်း အကုန်အကျခံပြီး သုတေသနသုံးခု ပြု လုပ်ရန် မြန်မာ-ထိုင်းနှင့် ဂျပန် အစိုးရတို့ သဘောတူညီထားသည်။

အဆိုပါ သုတေသန လုပ် ငန်းသုံးခုတွင် ယခုစက်မှုလုပ်ငန်း စီမံကိန်းသည် မဲခေါင်−အိန္ဒိယ စီးပွားရေးစင်္ကြံ လမ်းတောင်ဘက် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အ ကူပြုမှုရှိ၊ မရှိ၊ ထားဝယ်ဖွံ့ဖြိုးတိုး တက်ရေးနည်းပ ညာပိုင်းတွင် ဂျပန်၏ မည်သည့်လုပ်ငန်းများ ရင်းနှီး မြှုပ်နှံမည်နည်းနှင့် ထားဝယ်အ ထူးစီးပွားရေးဇုန်တွင် အစိုးရနှင့် ပုဂ္ဂလိက မည်သည့်နည်းလမ်းဖြင့် ပူးပေါင်းဆောင်ရွက်မည် စသည့် သုတေသန သုံးခုကို ယခုနှစ်
အောက်တိုဘာတွင် စတင်ပြုလုပ် နေပြီ ဖြစ်သည်။

အိဖြူမွန်၊ အေးမြတ်သူ | 7day

မှတ်ချက်များ