SME များ အပေါင်ပစ္စည်းမလိုဘဲ ငွေချေးနိုင်မည့် အစီအစဉ် ဥပဒေထွက်မှ လုပ်ဆောင်နိုင်မည်
အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များ အပေါင် ပစ္စည်းမလိုဘဲ ဘဏ်မှငွေချေးနိုင် မည့်အစီအစဉ်ကို ဥပဒေပြဋ္ဌာန်း ပြီးမှသာ အကောင်အထည်ဖော် နိုင်မည်ဟု စက်မှုဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ချုပ် ဒေါ်အေးအေးဝင်းက ပြောသည်။
‘‘ဥပဒေ ထွက်ပြီးရင်တော့ ကြားမှာစိစစ်တဲ့အဖွဲ့တစ်ခုဖွဲ့ပြီး လုပ်ပေးရမှာပါ’’ဟု အထက်ပါ ပုဂ္ဂိုလ်က ပြော သည်။
လက်ရှိအသေးစားနှင့် အလတ်စားလုပ်ငန်း ဖွံ့ဖြိုးရေး ဥပဒေသည် အမျိုးသား လွှတ်တော်တွင် ဆွေးနွေး ပြီးနောက် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထားသည်ဟု ဆိုသည်။
လက်ရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများအား ချေး ငွေများထုတ်ပေးနေရာတွင် တိုင်း ဒေသကြီး
နှင့် ပြည်နယ် အစိုးရ၏ ထောက်ခံချက်ဖြင့် အပေါင် ပစ္စည်း၏ ရာခိုင်နှုန်းတစ်ခုကိုသာ ထုတ်ချေးပေးနေ
ကြောင်း လုပ် ငန်းရှင်များထံမှ စုံစမ်းသိရသည်။
‘‘သူတို့ချေးပေးတာက ခွဲတမ်းကျပုံစံမျိုးဆိုတော့ စိတ်မဝင်စားပါဘူးဗျာ’’ဟု လှိုင်သာယာစက်မှုဇုန်(၁)မှ ထုတ်ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် အခက်အခဲဖြစ်နေသော အပေါင်ပစ္စည်း ပြဿနာကိုဖြေ ရှင်းရန် ဘဏ္ဍာခွန် ဝန်ကြီးဌာနက အဖွဲ့အစည်းတစ်ခု ဖွဲ့ပြီး ချေးငွေအာမခံစနစ်ကို ယခု နှစ် ဇူလိုင်လဆန်း မှစတင်ရောင်း ချပေးခဲ့သည်။
‘‘စီးပွားရေး တိုးချဲ့ချင်သော် လည်း အရင်းအနှီးမရှိသူတွေအတွက် အာမခံကူညီပေးမှာပါ’’ ဟု ဘဏ္ဍာခွန် ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက အဆိုပါအာမခံနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားသည်။
အဆိုပါ အာမခံကို လုပ်ငန်းရှင်များက စိတ်ဝင်စားသော် လည်း အသေးစားနှင့် အလတ် စားဖွံ့ဖြိုးရေး ဘဏ်က ထောက်ခံ ချက်မပေးခြင်းကြောင့် ရယူနိုင် ခြင်းမရှိသေးပေ။ ထို့အပြင် အာမခံအဖွဲ့နှင့် အသေး စားနှင့် အလတ်စားဖွံ့ဖြိုးရေးဘဏ်တို့ကြားတွင် အာမခံပေးမည့် ကုမ္ပဏီ အဖွဲ့အစည်းတစ်ခု တည်ထောင်
ပေးရန်လိုအပ်ကြောင်း ဒေါ်အေးအေးဝင်းက ပြောသည်။
လက်ရှိနိုင်ငံတော် အစိုးရက အသေးစားနှင့် အလတ်စားလုပ် ငန်းများအတွက် ကျပ် ၂၀ ဘီလီ ယံချထား
ပေးသော်လည်း တိုင်း နှင့်ပြည်နယ် ၁၄ ခုနှင့် နေပြည် တော်ကောင်စီကိုခွဲဝေပေးရသည်။ တိုင်းနှင့်ပြည်နယ် တစ်ခုစီလျှင်ကျပ် တစ်ဘီလီယံခန့်သာ ရရှိပြီး ရန်ကုန်၊ မန္တလေးတိုင်းဒေသကြီး တို့တွင် ကျပ်နှစ်ဘီလီယံ ရရှိ ကြောင်း သိရသည်။
ပြည်သိမ်း၊ သိမ့်သိမ့်စိုး | 7day

မှတ်ချက်များ