မစင်ကပြောပြသော သင့်ကျန်းမာရေးအကြောင်း
နေထိုင်စားသောက်မှုပုံစံနစ်နှင့် ဇီဝကမ္မဖြစ်စဉ်ကြောင့် တစ်ဦးနှင့် တစ်ဦး မစင်အရောင်၊ အနည်းအများနှင့် အသွင်သဏ္ဌာန် မတူညီကြပေ။
ခန္ဓာကိုယ်တွင်းအစာချက်ပေးသော ဝါ စိမ်းရောင်သည်းခြေရည်ကြောင့် ကျန်းမာရေးကောင်းသူ ၏ ပုံမှန်မ စင်အရောင်မှာ ယေဘုယျအားဖြင့် စိမ်းညိုရောင် ဖြစ်သည်။
သို့သော် မိမိတစ်နေ့တာစားခဲ့သမျှ အစာအာ ဟာရအပေါ်မူတည်ကာ မစင်အရောင်ပြောင်းလဲမှုရှိတတ် ပါသည်။ ဥပမာ မုန်လာဥနီ (ဝါ)ခရမ်းချဉ်သီးအစားများ ခြင်းကြောင့် မစင်မှာ အနီရောင်သမ်းနေတတ်သလို ကန် စွန်းဥ(ဝါ)ပိန္နဲသီးအစားများခြင်းကြောင့် မစင်မှာ အဝါ ရောင်သမ်းနေတတ်ပြီး ဝက်သွေးခဲ(ဝါ)ဘလူး ဘယ်ရီ(ဝါ) သံဓာတ်ဖြည့်စွက်စာ ဆေးဝါးများသောက်သုံးခြင်းကြောင့် မစင်မှာအမည်းရောင်ဖြစ်နေတတ် ၏။
အဆိုပါအစားအ သောက်များကြောင့် တစ်ရက်ခွဲမျှကြာ ယာယီမစင်အရောင် ပြောင်းလဲခြင်းသည် ပြဿနာ မဟုတ်သော်လည်း သုံးရက် ခန့်အထိ မူလအရောင်နှင့် မတူ သိသိသာသာပြောင်းလဲ နေပါက သင့်ကျန်း မာရေးအခြေအနေ တစ်စုံတစ်ရာ ချို့ ယွင်းနေပါပြီ။
အရောင်ပြောင်းခြင်း။ အစာအိမ်အနာဖြစ်၍ သွေးယိုခြင်း၊ အစာပြွန်ရောဂါ၊ စိတ်ကျဝေဒနာ၊ အူသိမ်အူမအ ပါအဝင် ကိုယ်တွင်းကလီစာများ ပုံမှန်သွေး လည်ပတ်စီးဆင်းမှုမရှိခြင်းတို့ကြောင့် ဝမ်းအမည်းသွားစေ၏။ စအိုကွဲအက်ခြင်း၊ အူလမ်းကြောင်း ပိုးဝင်ခြင်း၊ အူတီဘီ၊ အူ သိမ်အူမရောင်ခြင်း၊ အကျိတ်၊ အူမကြီး ကင် ဆာတို့ ကြောင့် ညို ပုပ်ပုပ်(ဝါ)ကြက် သွေး နီရောင် ဝမ်းသွားစေ၏။
အူရောင်ခြင်းကြောင့် ဝမ်းသွား လျှင် သွေးပါတတ်၏။ ပန်ကရိယကင်ဆာ၊ အသည်းရောင် အသားဝါရောဂါ၊ ဆီးအိမ်ရောဂါနှင့်ဝမ်းထဲတွင်သန်များ ခြင်းကြောင့် ဝမ်းအရောင်ဖြူစေ၏။ ဝမ်းပိတ်ဆေးဝါးများ ကြောင့် လည်း ဝမ်းအရောင်ဖျော့တော့ကာ ဖြူဝါရောင် သမ်းနေတတ်သည်။
ပုံသဏ္ဌာန်။ အူမကြီးတစ်နေရာပိတ်ဆို့ခြင်းကြောင့် ဝမ်း အသွင်သဏ္ဌာန်သည် ခဲတံလို သေးသေးမျှင် မျှင်ဖြစ်နေပြီး အူမကြီးကင်ဆာ၏ ရှေ့ပြေးနိမိတ်လည်းဖြစ်သည်။
ပန်က ရိယတွင် ပြဿနာရှိခြင်းကြောင့် အစာထဲရှိအဆီဓာတ်ကို ကောင်းစွာ စုပ်ယူနိုင်စွမ်းမရှိတော့ဘဲ ဝမ်းပျော့၍စေးကပ် နေရခြင်းဖြစ်သည်။ မစင်ထဲတွင်လိုအပ်သည်ထက်ပို၍အချွဲပါခြင်းသည် အူရောင်ခြင်း လက္ခဏာဖြစ်သည်။
အနံ့။ မစင်ဆိုသည်မှာ မကြေညက်သောအစားအစာ၊ ဗက် တီးရီးယားများ၊ အကျိအချွဲ၊ ဆဲလ်သေများနှင့် အူသိမ်အူမ ထဲရှိကပ်ပါးပိုးများဖြင့်ဖွဲ့စည်းထား၍ သဘောသဘာဝအရ အနံ့အသက်မကောင်းပါ။ အူပုပ်ခြင်း၊ ဝမ်းချုပ်ခြင်းတို့ကြောင့် မစင်ရနံ့ သိသိသာသာဆိုးရွားတတ်စေသလို ထူးခြားမှုအ နေဖြင့် ဝမ်းထဲသွေးပါလျှင် မစင်အနံ့အသက်လုံးဝရှိမနေ ပါ။
ကျန်းမာရေးအတွက် ဖြည့်စွက်စာ အိမ်သုံးဆေးဝါး အချို့ကလည်း မစင်နံ့ကိုပြောင်းလဲစေသဖြင့် မိမိကိုယ် ကိုယ် ဆင်ခြင်သုံးသပ်ပါ။
ဝမ်းချုပ်ခြင်း။ အညောင်းမိ အထိုင်များခြင်း၊ ရေ သောက်နည်းခြင်းတို့ကြောင့် လူအတော်များများ ဝမ်းချုပ်
လေ့ရှိကြသည်။ သင့်တင့်သောကိုယ် လက်လှုပ်ရှားမှုလုပ်ကာ အမျှင်ဓာတ်များပြီး အရည်ရွှမ်းသော သီးနှံ များစားသုံးခြင်း၊ ဝမ်းချုပ်မခံဘဲ အချိန်ယူ၍အိမ်သာထိုင် ပေးခြင်းဖြင့် ဝမ်းချုပ် ခြင်းမှ ကာ ကွယ်နိုင်သည်။
နာတာရှည်ဝမ်းချုပ်ခြင်းသည် ဟိုက်ပါသိုင်းရွိုက်၊ အကြောအားနည်း၍ ခြေလက်တုန် ရောဂါ၊ ဆီးချို၊ အစာ အိမ်နှင့်ကျောက်ကပ်ရောဂါတို့နှင့် လည်း ဆက်စပ်မှုရှိနေတတ်၏။
ဝမ်းသွားခြင်း။ ဝမ်းနူးစာစားမိ၍ဝမ်းသွားခြင်း၊ အပူဝမ်း သွားခြင်း၊ ရေငတ်ဝမ်းသွားခြင်းတို့သည် ပြဿနာ ကြီးကြီး မားမားမဟုတ်သော်လည်း အူနှင့်အစာအိမ်ပိုးဝင်ရောင် ရမ်းခြင်းကြောင့် ရေကဲ့သို့ဝမ်းသွားခြင်း၊ နှစ်ရက်သုံးရက် ထက်ပို၍ ဝမ်းသက်ခြင်း၊ အူရောင်ခြင်း၊ နာတာရှည်ဝမ်း သွားခြင်းတို့ဖြစ်ကာ အားအင် ဆုတ်ယုတ်စေသည်။ မသန့် ရှင်းသော ယင်နားစာများ၊ အဆီများသော အစားအစာ များ၊ ကဖိန်းဓာတ်နှင့် အယ်လ်ကိုဟောပါသော အဖျော် ယမကာများရှောင်၍ ဝမ်းမသွားအောင် ကြိုတင်ကာကွယ် နိုင်သည်။
'ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲ'ဟူသော ဆိုရိုးစကားရှိသည်။
ခန္ဓာကိုယ်ယန္တရားကြီးလည်ပတ်စေ ရန်၊ သမုဒ္ဒရာဝမ်းတစ်ထွာအတွက် နေ့စဉ်စားပေးရသလို အစာဟောင်း အညစ်အကြေးများလည်း ပုံမှန်ထွက်ပေး နေရပါမည်။ ဝမ်းပျက်ခြင်းရောဂါအမျိုးမျိုးတို့သည် အ ရက်၊ မူးယစ်ဆေးဝါး၊ ဆေးလိပ်နှင့် အက်စပရင်(ခေါ်) ဓာတုဆေးဝါးတို့ နှင့်လည်း ဆက်နွှယ် မှုရှိနေပြန်ရာ အထက်ဖော်ပြ ပါ ရောဂါ အမျိုးမျိုးမှကင်း ဝေးပြီး ချမ်းသာ သုခရစေရန် မှန်ကန် စွာနေထိုင်စားသောက်ရန် အရေးကြီးပါကြောင်း သတိပေး လိုက်ရပါသည်။
ပေါက်ပေါက် - ရန်ကုန်တိုင်းမ်ဂျာနယ်
မှီငြမ်း။ Dr. Jean-Pierre Raufman ( agastroenterologist at University of Maryland School of Medicine )

မှတ်ချက်များ