လူယီဖေးရဲ့ အလှကြောင့် ဇာတ်ညွှန်းစာသားတွေမေ့သွားတဲ့ ရိန်း


တောင်ကိုရီးယားသရုပ် ဆောင်မင်းသား ရိန်းသည် Roots of Dew တရုတ်ရုပ်ရှင်ဇာတ်ကား မှ ပူးတွဲသ ရုပ်ဆောင် လူယီဖေး၏ အလှကြောင့် ၎င်းပြောရမည့် ဇာတ်ညွှန်းစာသားများကို မေ့သွားခဲ့သည်ဟုပြော ခဲ့သည်။

Roots of Dew ရုပ်ရှင်ဇာတ် ကားကို နိုဝင်ဘာ ၇ ရက်တွင် တရုတ်နိုင်ငံ၌ ရုံတင်ပြသခဲ့ပြီး ယင်းရုပ်ရှင် ဇာတ်ကားပွဲဦးထွက် ရုံတင်ပြသသည့်နေ့တွင် ဘေဂျင်း မြို့၌ သတင်းစာရှင်းလင်းပွဲပြု လုပ်ခဲ့သည်။ ယင်းသ တင်းစာ ရှင်းလင်းပွဲသို့ Roots of Dew ဇာတ်ကားမှ အဓိကဇာတ်ဆောင် များဖြစ်သည့် တောင်ကိုရီးယား သရုပ်ဆောင်အဆိုတော်ရိန်း၊ တရုတ်သရုပ်ဆောင်များဖြစ် သော လူယီဖေး၊ ၀မ်ဆူဘင်း၊ အန်ဒီအွန်နှင့် ဒါရိုက်တာ ဂိုစီစီတို့ လည်း တက်ရောက်ခဲ့သည်။

ယင်းသတင်းစာရှင်းလင်းပွဲ တွင် ‘‘ကျွန်တော်လူယီဖေးကို မြင်မြင်ချင်းမှာပဲ အရမ်းကို ပျာယာ ခတ်သွား တယ်။ သူ့မျက်နှာကို မြင်လိုက်တဲ့ အချိန်လေးမှာပဲ ကျွန်တော်ကြိုးစားပမ်းစားကျက်ထား၊ မှတ်ထားတဲ့တ ရုတ်ဇာတ် ညွှန်းစာသားတွေ အကုန်လုံးကြက်ပျောက်၊ ငှက်ပျောက်ဖြစ် ကုန်တယ်’’ဟု ပြောကြားခဲ့သည်။ ‘‘ဒါပေမဲ့လည်း ပထမဆုံးရိုက် ကူးရေးနေ့ကို လွယ်လွယ်ကူကူနဲ့ အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။ လူယီဖေးရဲ့ အမြဲတစေကူညီမှုကို လည်း ကျေးဇူးတင်ပါတယ်’’ဟု ရိန်းကပြောကြားခဲ့သည်။

Roots of Dew (သို့) For Love of Money ရုပ်ရှင်ဇာတ်ကား ကို ယခင်ကနိုဝင်ဘာ ၁၁ ရက် တွင်ရုံတင်ပြ သရန် စီစဉ်ခဲ့သော် လည်း နိုဝင်ဘာ ၇ ရက်သို့ အချိန် ပြောင်းလဲ၍ ရုံတင်ခဲ့သည်။


SearchMyanmar

မှတ်ချက်များ