ဝန်ထမ်းတစ်ယောက်အနေနဲ့ ရုံးခန်းမှာ အဆင်မပြေတဲ့နေ့တစ်နေ့ကို ဖြတ်သန်းနေရတာဟာ နေ့လည်စာ စားချိန်မှာ အစာပြေ အစားအစာတွေ စားသုံးတာကြောင့်ဖြစ်တယ်လို့ သုတေသန အသစ် တစ်ခုအရ သိရ ပါတယ်။
နှိုင်းယှဉ် ပြောရမယ်ဆိုရင် အလုပ်ကို ကောင်းမွန်စွာ ချဉ်းကပ်လာနိုင်တဲ့ ၀န်ထမ်းတွေဟာ အသီးအရွက်ပါ ၀င်တဲ့ အသုတ်တွေနဲ့ ကယ်လိုရီပမာဏနည်းတဲ့ အသားညှပ်ပေါင်မုန့်ကဲ့သို့သော ကျန်းမာရေးနဲ့ ညီညွတ် တဲ့ နေ့လည်စာမျိုးကို စားသုံးလေ့ရှိတာကိုတွေ့ရပါတယ်။
ဗြိတိန်မှာရှိတဲ့ ၀န်ထမ်း ၂၀၀၀ ကျော်မှာ ၇၇ ရာခိုင်နှုန်း ခန့်က သူတို့ရဲ့ အလုပ်ချိန်မှာဖြစ်တဲ့ ခံစားမှု(Mood) ဟာ သူတို့စားသုံးတဲ့နေ့လည်စာနဲ့ ပတ်သက်နေတယ်လို့ဆိုပါတယ်။
ဝန်ထမ်းအများစုဟာ စိတ်ဖိစီးမှုများပြီး အလုပ်ရှုပ်တဲ့နေ့တွေကို ဖြတ်သန်းနေရတာ မှန်ပေမယ့်လည်း နေ့ လည်စာစားခြင်း ကို ရှောင်ကြဉ်ပြီး အချိန်ရအောင်ဖန်တီးခြင်းဟာ မှားယွင်းတဲ့ စီးပွားရေး သဘောတရား တစ်ခုပါ။ ကောင်းမွန်တဲ့ အလုပ်တွေပြီးစီးဖို့ နေ့လည်စာအစား ကော်ဖီတစ်ခွက်နဲ့ ချောကလက်တစ်ခုကို သင့်အလုပ်စားပွဲမှာ လုံးဝ အစားမထိုးသင့်ပါဘူး။
Trend Myanmar

မှတ်ချက်များ