ဖျော်ဖြေပွဲ လက်မှတ်တစ်စောင်ပြလျှင် ကွန်ဒိုခန်းဝယ်သူများကို ကျပ်သိန်း ၉၀ လျှော့မည်ဟုဆို

ကွန်ဒိုအရောင်းမြှင့်တင် ရေးအနေဖြင့် ဖျော်ဖြေပွဲလက် မှတ်ရှိ ပါက တိုက်ခန်းဝယ်လျှင် ဈေးလျှော့ပေးမည်ဖြစ်ကြောင်းစမ်း
ချောင်းဂါးဒင်းကွန်ဒိုစီမံကိန်း မှ တာဝန်ရှိသူကပြောသည်။

နိုဝင်ဘာ ၈ရက်တွင် ပြုလုပ် ခဲ့သော အဆိုတော်ဗစ်တာခင်ညို ၏ ဖျော်ဖြေပွဲ၌ ယင်းအစီအစဉ် ကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်း
ဖျော် ဖြေပွဲလက်မှတ်ရှိပါက နိုဝင်ဘာ၃၀ရက်အထိ တိုက်ခန်း ၀ယ်ယူ ည့်သူများကိုကျပ်သိန်း၉၀လျှော့ ပေးမည်ဖြစ်ကြောင်း
ဖျော်ဖြေပွဲ လက်မှတ်တွင် ရေးသားထားသည်။

တိုက်ခန်းတစ်ခန်းလျှင်ဖျော် ဖြေပွဲလက်မှတ်တစ်စောင်သာ အ သုံးပြုနိုင်မည်ဖြစ်ပြီး ယင်းစီမံကိန်း ရှိ တိုက် ခန်းဈေးနှုန်းမှာ အနည်း ဆုံးငွေကျပ်သိန်းနှစ်ထောင်ကျော် ဖြစ်ကြောင်းအဆိုပါစီမံကိန်းအ ရောင်းမြှင့်တင်
ရေးမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

‘‘၂၀၁၄ ဒီဇင်ဘာမှာ စ ဆောက်ပြီး ၂၀၁၆ ဒီဇင်ဘာမှာ အ ခန်းအပ်မှာပါ’’ဟု ၎င်းကပြော သည်။

စမ်းချောင်းလမ်းပေါ်တွင်ဆောက်လုပ်မည့် ယင်းစီမံကိန်း၌ စုစုပေါင်းတိုက်ခန်းသုံးရာကျော်ပါဝင်ကာ အထပ် ၁၁ ထပ်ခွဲဆောက်လုပ်သွားမည်ဖြစ်ပြီး တိုက်ခန်းတစ်ခန်း ၀ယ်ယူပါက ကားပါကင်တစ်ခုလည်း ပါဝင် မည် ဟု ၎င်းကဆိုသည်။

တိုက်ခန်းဝယ်ယူမည့်သူ များအနေဖြင့် ၀ယ်ယူမည့်အခန်း ၏ တန်ဖိုးပေါ်မူတည်၍ လသုံးဆယ်အရစ်ကျစ နစ်ဖြင့် ရောင်းချသွားမည်ဟု အထက်ပါ တာဝန်ရှိသူကပြောသည်။

ဇွဲဉာဏ် | 7day

မှတ်ချက်များ