IS တပ်ဖွဲ့ကို အမေရိကန် တိုက်ခိုက်မှု ကဏ္ဍသစ် တစ်ခုထံ ဦးတည်နေပြီဟု အိုဘားမားပြောကြား
အီရတ်သို့ အမေရိကန်တပ်ဖွဲ့ဝင်များ အားဖြည့်စေလွှတ်မည့် အစီအစဉ်သည် အစ္စလာမ်မစ် နိုင်ငံတော်(IS)
စစ်သွေးကြွ တပ်ဖွဲ့ကို တိုက်ခိုက်မှုတွင် ကဏ္ဍသစ်တစ်ရပ် ဖြစ်လာမည်ဟု အမေရိကန် သမ္မတ ဘာရတ်အို ဘားမားက ပြောကြားလိုက်သည်။
အမေရိကန်သည် အီရတ်သို့ စစ်သည် (၁၅၀၀) အားဖြည့် ပို့ဆောင်သွားမည်ဟု ကြေညာခဲ့ပြီး အီရတ် စစ်ဘက်ကို အကြံပေးရန်နှင့် လေ့ကျင့်သင်တန်းပေးရန် အရှိန်မြှင့် လုပ်ဆောင်သွားမည် ဟု ဆိုသည်။ အိုဘားမားက IS တပ်ဖွဲ့ကို အမေရိကန်က ချေမှုန်းမည့် အစီအစဉ်တွင် ယင်းသည် ကဏ္ဍသစ်တစ်ရပ်
ဖြစ်လာကြောင်း CBSနှင့် အင်တာဗျူးတွင် မှတ်ချက်ပေးသွားခဲ့သည်။
“ပထမ ကဏ္ဍက အီရတ်အစိုးရရဲ့ ရပ်တည်မှုကို စောင့်ရှောက်ဖို့နဲ့ ယုံကြည်မှု တည်ဆောက်ဖို့ပဲ။ ကျွန်တော် တို့ အဲဒီအပိုင်းကို အပြီးသတ် ဆောင်ရွက်ပြီးပြီ။ အခုအချိန်မှာ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေက IS တပ်ဖွဲ့ရဲ့ အရှိန်အဟုန်ကို ရပ်တန့်သွားစေဖို့ သက်သက်တင် မကတော့ဘူး။ ထိုးစစ်တချို့ အစပြုဖို့ ကျွန်
တော်တို့ အသင့်ရှိနေပါပြီ”ဟု အိုဘားမားက ဆိုသည်။
၎င်းက အီရတ် မြေပြင်တပ်များ အနေဖြင့် IS တပ်ဖွဲ့များကို ဖိအားပေး တိုက်ခိုက်နိုင်ရန် အမေရိကန်က အင်တိုက်အားတိုက် ကူညီသွားမည်ဟုလည်း ကတိပြုခဲ့သည်။ သို့သော်လည်း အမေရိကန်တပ်များသည် အီရတ်တပ်များနှင့် ပူးပေါင်းပြီး ISတို့ကို တိုက်ခိုက်သွားမည် မဟုတ်ဟု သိရသည်။ “ကျွန်တော်တို့က အီ ရတ်တပ်ဖွဲ့တွေကို အနီးကပ် လေကြောင်း ပံ့ပိုးမှုတွေ ပြုလုပ်ပေးနေမှာပါ။ အခုအချိန်မှာ အီရတ် မြေပြင် တပ်တွေက IS အဖွဲ့ကို ထိုးစစ်ဆင်နွှဲဖို့ အသင့်ဖြစ်နေပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့တွေကတော့ ဒီတိုက်ပွဲတွေမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်မှာ မဟုတ်ဘူး”ဟုလည်း အိုဘားမားက ပြောကြားခဲ့သည်။
IS တပ်ဖွဲ့ကို တိုက်ရိုက်ကျကျ ထိုးစစ်ဆင်ခြင်းသည် အီရတ်စစ်တပ်၏ စွမ်းဆောင်ရည်ကို လက်တွေ့ စိန်ခေါ်လိုက်ခြင်းလည်း ဖြစ်သည်။ အီရတ်စစ်တပ်တွင် အားနည်းချက်များစွာ ရှိနေပြီး အဓိက တပ်မများ တွင် ပြင်ဆင်ဖွဲ့စည်းမှုများ ပြုလုပ်ရန် လိုအပ်ချက်များ ရှိနေဆဲဖြစ်ကြောင်း စစ်ရေးသုတေသီများက မှတ် ချက်ပြုထားသည်။
7day

မှတ်ချက်များ