နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် ဒီဇင်ဘာလဆန်း စတင်ခွင့်ပြုမည်


မြန်မာနိုင်ငံတွင် နိုင်ငံ ခြားသားများအမြဲတမ်းနေထိုင်ခွင့် စနစ်(PR)ကို ဒီဇင်ဘာလဆန်း ၌ စတင်ခွင့်ပြုမည်
ဖြစ်ပြီး ယခု အကောင်အထည်ဖော်မည့်စနစ်တွင် မြန်မာနိုင်ငံသားဟောင်းများကိုပါ အမြဲတမ်းနေထိုင်ခွင့်
ပေးထားကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာနမှ သတင်းရရှိသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံလိုသူ များ၊ ပညာရှင်များ၊ နိုင်ငံသား ဟောင်းများနှင့် မြန်မာနိုင်ငံသား နှင့် လက်ထပ် ထားသူ နိုင်ငံခြား သားများ၊ သွေးနှောထားသည့် သားသမီးများကို ငါးနှစ်သက်တမ်းဖြင့် အမြဲတမ်းနေထိုင် ခွင့်ပြု မည်ဖြစ်ကြောင်း တာဝန်ရှိသူက ပြောသည်။ သက်တမ်းတိုးပါကလည်း ငါးနှစ်ပင်ခွင့်ပြုမည်ဖြစ် သည်။

‘‘ငါးနှစ် ခွင့်ပြုထားပေမယ့် တစ်နှစ်တစ်ကြိမ်တော့ ငွေသွင်းရမယ်။ သက်တမ်းတိုးတာတွေလုပ်ရမယ်။ ဒီဇင်ဘာ ၅ရက်နေ့ကစပြီး မည်သူမဆို လျှောက်ထားနိုင်ပါ ပြီ’’ ဟု လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသား မှတ်ပုံတင်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါစနစ်နှင့် ပတ်သက် ၍ ဒီဇင်ဘာ ၅ ရက်တွင် အများ ပြည်သူများကို ထုတ်ပြန်ကြေညာ သွားမည်
ဖြစ်ပြီး အမြဲတမ်းနေထိုင် ခွင့်လျှောက်လွှာပုံစံနှင့် သတ်မှတ် ချက်များကို လ၀က ၀န်ကြီးဌာန၏ ၀က်ဘ် ဆိုက်များတွင်တင်ထား ပေးမည်ဟုဆိုသည်။

အစိုးရသစ်လက်ထက်တွင် သမ္မတ ဦးသိန်းစိန်က ပြည်ပ ရောက် မြန်မာနိုင်ငံသားများကို ပြည်တွင်းသို့
ပြန်လာပြီး မိမိတို့အ တတ်ပညာ၊ အတွေ့အကြုံများ ဖြင့် နိုင်ငံ တည်ဆောက်ရေးတွင် ၀ိုင်းဝန်းပါဝင်ကူညီ ကြရန် မကြာ ခဏဖိတ်ခေါ်ခဲ့သည်။

ထိုသို့ ဖိတ်ခေါ်ခဲ့ပြီးနောက် အမြဲတမ်းနေထိုင်ခွင့်ဥပဒေကြမ်း ကို ရေးဆွဲခဲ့ပြီး ၂၀၁၃စက်တင် ဘာတွင် သမ္မ တက အတည်ပြုခဲ့ ပြီးနောက် လွှတ်တော်သို့ဆွေးနွေး ရန် တင်ပြထားခဲ့ရာ လွှတ်တော် က ယခုနှစ်တွင် အ တည်ပြုခဲ့ခြင်း ဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံ တွင် ကျင့်သုံးနေသည့် ၁၉၈၂နိုင် ငံသားပုဒ်မ၁၃အရ နှစ်နိုင်ငံ သားခံယူသည့်စနစ်ကို ခွင့်ပြုထားခြင်း မရှိသောကြောင့် ပြည်ပရောက် မြန်မာနိုင်ငံသားများလာရောက် ပါက ရက်အကန့်အသတ်ဖြင့်သာ နေထိုင်ခွင့်ရှိသည်။

နိုင်ငံခြားသား အမြဲနေထိုင် ခွင့်စနစ် ဥပဒေကြမ်းကို ဒုတိယသမ္မတဦးဉာဏ်ထွန်းဦးဆောင်ပြီး ပြည်ထဲရေး ၀န်ကြီးဌာန၊ နိုင်ငံခြား ရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ပြည်ထောင် စုရှေ့နေချုပ်ရုံး တို့က ပူးပေါင်းရေးဆွဲခဲ့ခြင်း ဖြစ် သည်။

အိဖြူမွန် | 7day


မှတ်ချက်များ