အိုဘားမား မိန့်ခွန်းပြောမည့် စိန်ရတုခန်းမ ပြင်ဆင်ရန် Excellent Unity လေလံအောင်


အမေရိကန်သမ္မတ အိုဘားမားမိန့်ခွန်းပြောကြားမည့် ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမ ပြင်ဆင်ခြင်းလုပ်ငန်း တင်ဒါခေါ် ယူရာတွင် Excellent Unity ဆောက်လုပ်ရေးကုမ္ပဏီက လေလံအောင်သွားကြောင်း သတင်း ရရှိသည်။

အဆိုပါ အဆောက်အအုံ ပြင်ဆင်ရေးအတွက် ကုမ္ပဏီလေးခု ၀င်ရောက် လျှောက်ထားခဲ့ပြီး Excellent Unity ဆောက်လုပ်ရေး လုပ်ငန်းက တင်ဒါအောင်မြင်ခဲ့သဖြင့်ပြင်ဆင်ခြင်းလုပ်ငန်းများ နိုဝင်ဘာ ၉ ရက်မှ စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

အရှေ့တောင်အာရှ လူငယ် ခေါင်းဆောင်မှုစွမ်းရည် အစီအစဉ်မှ လူငယ်များအား အမေရိကန် သမ္မတအို ဘားမား နိုဝင်ဘာ ၁၄ ရက်တွင် တွေ့ဆုံမိန့်ခွန်းပြောကြားမည်ဖြစ်ပြီး အဆိုပါ အခန်းကို ပြင်ဆင်နေခြင်းဖြစ် သည်။

အာဆီယံထိပ်သီး အစည်းအဝေးတက်ရောက်မည့် အမေရိကန်သမ္မတ အိုဘားမားသည် မြန်မာနိုင်ငံသို့ နို ၀င်ဘာ ၁၂ ရက် တွင် ရောက်ရှိမည်ဖြစ်ပြီး နေပြည် တော်၌ ပြုလုပ်မည့် အာဆီယံထိပ်သီးအစည်းအဝေး တက်ရောက်ပြီးနောက် နိုဝင်ဘာ ၁၄ ရက်တွင် ရန်ကုန်မြို့သို့ လာရောက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ နေအိမ်တွင် တွေ့ဆုံကြမည် ဖြစ်သည်။

အောင်သူရ | 7day



မှတ်ချက်များ