ဆီးချို၊ သွေးချိုရောဂါကို ကြိုတင် ကာကွယ်မှုဖြင့် အနိုင်ယူပါ

ကမ္ဘာပေါ်တွင် ထူးဆန်းစွာဖြစ်ပေါ်နေသည့် ရော ဂါများကြောင့် နေ့စဉ် လူပေါင်းများစွာ သေဆုံး
နေကြသည်။ တစ်ဖက်တွင်လည်း နှစ်ပေါင်းများ စွာတိုင် လူ့အသက်ကို ခြိမ်းခြောက်နေဆဲဖြစ် သည့် ရောဂါများ၏အန္တရာယ်မှ လွတ် ကင်းရန် အတွက် တာဝန်ရှိသူက ကြိုးစားဆောင်ရွက်နေ ကြသော်လည်းလူသားများ၏ အသက်အန္တရာယ်
 ကိုစိန်ခေါ်နေသည့် ရောဂါများက တစ်နေ့ထက် တစ်နေ့ ပိုများ လာသည်ကိုတွေ့နေရ သည်။

အထူးသဖြင့် ကင်ဆာ၊ အေအိုင်ဒီအက်စ်၊ ဆီးချို၊ နှလုံး၊ သွေးတိုးရောဂါများ အပါအဝင် ဆား၊ မားစ်၊ ကြက် ငှက်တုတ်ကွေးနှင့် အီဘိုလာရော ဂါ များသည် ခေတ်သစ်ရောဂါဆန်းများအဖြစ် လူသားများ၏ ကျန်းမာရေး ကို စိန်ခေါ်လာ သည်ကို တွေ့လာရသည်။ ထိုရောဂါများအနက် အသံတိတ်လူသတ်သမားဟုပင် ဆေးပညာရှင် များက တင်စားခေါ်ဝေါ်ထားသည့် သွေးတိုးနှင့် ဆီးချိုရောဂါများ၏အန္တရာယ်ကလည်း လူသားများ ၏ကျန်း မာရေးကို တနေ့တခြားစိန်ခေါ်လာသည်ကို တွေ့လာရသည်။

မကြာခင်ရက်ပိုင်းအတွင်းက နေပြည်တော်တွင် ကမ္ဘာ့ဆီးချို၊ သွေးချိုနေ့အခမ်း အနားတစ်ခုကို ပြုလုပ်ခဲ့ သည်။ ထိုအခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆီးချို၊ သွေးချိုရောဂါသည် ကပ်ရောဂါကဲ့သို့ တစ်ကမ္ဘာလုံး တွင် ပျံ့နှံ့ဖြစ်ပွားနေပြီး ထိုရောဂါနှင့်နှီးနွှယ်ရောဂါကြောင့် ခြောက်စက္ကန့် လျှင်လူ တစ်ဦးသေဆုံးနေရသည်ဟု ပြောကြားသွားသည်ကို တွေ့ရသည်။

ထိုရောဂါကို ယခုအခါ ကမ္ဘာပေါ်တွင် လူသန်းပေါင်း ၃၈၂ သန်းအထိ ခံစားနေရပြီးအများစုမှာ ထိုရောဂါနှင့် ဆက်စပ်သည့်အကျိုးဆက်ကြောင့် သေဆုံးနေရသည်။ အထူးသဖြင့် လူတစ်ရာတွင် ခြောက်ဦးနှုန်းသည် ဆီးချို၊ သွေးချို ရောဂါဖြစ်ပွားလျက်ရှိနေပြီဟုဆို သောအချက်ကို ပြည်သူများက သတိမမှုဘဲ ဥပက္ခာပြုနေ မည်ဆိုပါက မြန်မာနိုင်ငံ၏ အနာဂတ်မျိုးဆက်များ အတွက် အလွန်ပင် စိုးရိမ်ရတော့မည့်အခြေအနေတစ် ခုဖြစ် လာနိုင်သည်။

လက်ရှိလည်း မြန်မာနိုင်ငံတွင် အသက်၂ဝမှ၇၉နှစ်အတွင်း လူဦးရေ နှစ်သန်းခန့်မှာ ဆီးချို၊ သွေးချိုရောဂါ များကို ဖြစ်ပွားလျက်ရှိနေသည်ဟု ခန့်မှန်း ထားသဖြင့်ထိုခန့်မှန်းချက်သည် မြန်မာနိုင်ငံမျိုး ဆက်သစ်လူ ငယ်များ အတွက်သာမက မြန်မာနိုင်ငံအတွက်လည်း စိုးရိမ်ဖွယ်ရာ အနေအထား တစ်ခုဖြစ်နေသည်။

မြန်မာနိုင်ငံတွင်အဖြစ်များနေသည့် ထိုရောဂါကို တားဆီးကာကွယ်ရန် မြန်မာ နိုင်ငံသားအားလုံးက ပူးပေါင်းဆောင်ရွက်ရတော့မည်ဖြစ်သည်။ သို့မဟုတ်ပါက မြန်မာနိုင်ငံ၏ အနာဂတ်မျိုးဆက်များအတွက် အထူးရင်လေးရဖွယ်ရှိနေသည်။လက်ရှိပြောင်းလဲနေသည့် ခေတ်ရေစီးကြောင်းများကလည်း မြန်မာနိုင်ငံ၏ နေထိုင် စားသောက်မှုစနစ်ကိုပါ လိုက်ပါပြောင်းလဲနေသည်ကို တွေ့ရသည်။

အထူးသဖြင့် စားသောက်မှုပုံစံများပြောင်းလဲလာခြင်းနှင့်အတူ သင့်တင့်လျောက်ပတ်သော ကျန်းမာရေး လိုက်စားမှုကို မရရှိခြင်းကလည်း ထိုရောဂါများဖြစ်ပွားမှုကို ပိုပြီးတွန်းအားပေး လာသကဲ့သို့ရှိနေသည်။

တချို့သောဝေဒနာရှင်များသည်ပင် ဆီးချိုနှင့်သွေးချိုရောဂါ များကို ခံစားနေရမှန်းမသိသည့်အထိရှိနေကြ  ပြီး အချို့ဝေဒနာရှင်များမှာလည်း ဆေးစစ်ကြည့်မှသာလျှင် ထိုရောဂါခံစားနေရသည်ကို သိရှိရသည့်အ တွက် ပြည်သူ များအနေဖြင့် ထိုရောဂါရှိ၊ မရှိကို ကြိုတင်ကာကွယ် စစ်ဆေးကြည့်သင့်ပေသည်။

အထူးသဖြင့် ထိုရောဂါဝေဒနာများကို ခံစားနေရသူများအနေဖြင့် ဆောင်ရန်၊ ရှောင်ရန်များကိုလည်းလိုက် နာပြီး ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စားသောက် မှုများကို ပြုလုပ်သွားမည်ဆိုပါက ထိုရောဂါနှင့် ဆက်နွှယ်သော ရောဂါဝေဒနာများ၏ အန္တရာယ်မှ ရှောင်လွဲနိုင်မည်ဖြစ်သည်။

ထို့အတူပြည်သူများအနေဖြင့်လည်း ထိုရောဂါ များကိုမဖြစ်ပွားစေရန်အတွက် ကြိုတင်ကာကွယ်မှုမျိုးကို အထူးဦးစားပေးဆောင်ရွက် ရန်လိုမည်ဖြစ်သည်။ ကြိုတင်ကာကွယ်ခြင်းကကုသခြင်းထက် ပိုမိုထိရောက် သည်ဟု ဆိုသော ဆောင်ပုဒ်အတိုင်း လိုက်နာကျင့်သုံးကြမည်ဆိုလျှင် ကျွန်ုပ်တို့သည် ထိုရောဂါ များ၏ စိန်ခေါ်မှုကို ကျော်လွှားနိုင်မည်ဖြစ်သည်။

ထို့နည်းတူ မိဘများအနေဖြင့် မိမိတို့၏သား၊ သမီးများကို နိုင်ငံတော်၏ အနာဂတ်သားကောင်းရတနာများ
ဖြစ်လာ စေရန်သာမက နိုင်ငံ့တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်စေရန်အတွက် ထိုရောဂါ များ၏စိန်
ခေါ်မှုအန္တရာယ်မှ လွတ်မြောက်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ လည်း ကြိုတင်ကာကွယ်မှု နည်း လမ်းသာဖြစ်ပါကြောင်း ဒီမိုကရေစီတူဒေးသတင်းစာက သုံးသပ်ရေးသားလိုက်ရပေသည်။

မှတ်ချက်များ