ပါကစ္စတန်၏ ပထမဆုံး အီဘိုလာ ရောဂါသည်ဟု သံသယရှိနေသည့် လူနာ ကွယ်လွန်


ပါကစ္စတန် နိုင်ငံ၏ ပထမဆုံးသော အီဘိုလာရောဂါ ကူးစက်ခံရသူအဖြစ် ယူဆရသည့် လူနာသည် ယခုအ ခါ သေဆုံးသွားပြီဟု သတင်းရရှိသည်။

တရုတ်သတင်းဌာန Xinhua က ဒေသတွင်း သတင်းဌာနများကို ကိုးကားပြီး နိုဝင်ဘာ (၂၅)ရက် နံနက်ပိုင်း တွင် ဇူလ်ဖီကာ အာမက် ကွယ်လွန်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

အသက်(၄၀) အရွယ်ရှိ ဇူလ်ဖီကာသည် ပန်ဂျပ်ပြည်နယ်ရှိ ချီနီယော့တွင် နေထိုင်သူ ဖြစ်သည်။ ၎င်းသည် ဆာဟာရနှင့် ထိစပ်နေသည့် အာဖရိက နိုင်ငံတစ်ခုဖြစ်သည့် တိုဂိုမှ ပါကစ္စတန်သို့ နိုဝင်ဘာ (၁၆)ရက်တွင် ပြန်ရောက်လာခဲ့သည်။ အကယ်၍ ဇူလ်ဖီကာ သေဆုံးရခြင်းမှာ အီဘိုလာ ရောဂါကြောင့်ဟု အတည်ပြုနိုင် ခဲ့ပါက ပါကစ္စတန်တွင် အီဘိုလာကြောင့် ပထမဆုံး သေဆုံးသူ ဖြစ်လာမည်ဟု ဆေးရုံမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဆရာဝန်များက ဇူလ်ဖီကာတွင် ရောဂါအမျိုးမျိုး စစ်ဆေးတွေ့ရှိခဲ့ပြီး ပါကစ္စတန်သို့ ပြန်မရောက်မီ ကတည်း က တိုဂိုတွင် (၃)ပတ်မျှ ဆေးရုံတက် ကုသမှု ခံယူခဲ့ရကြောင်း ဆိုသည်။ ဖိုင်ဆာလာဘတ်ဒ်ရှိ ဆေးရုံမှ ဒေါက်တာ ရာရှစ်ဒ် မက္ကဘူးလ်က ဇူဖီလ်ကာ၏ အသည်းတွင် ဆိုးဆိုးရွားရွား ပြဿနာများ ရှိနေပြီး ပါကစ္စ တန်သို့ ပြန်ရောက်လာချိန်တွင် အရေးပေါ် အခြေအနေမျိုး ကြုံနေကြောင်း မှတ်ချက်ပြုခဲ့သည်။

သို့သော်လည်း အာဖရိကမှ အပြင်းဖျားပြီး ပြန်လာသူ တစ်ဦးဖြစ်ခြင်းကြောင့် ဇူဖီလ်ကာကို အီဘိုလာ သံသ ယလူနာ စာရင်းတွင် ထည့်သွင်းထားခြင်း ဖြစ်သည်။

၎င်း၏ ဆီးနှင့် သွေးနမူနာများကို ပါကစ္စတန်၏ အဓိက ဓာတ်ခွဲခန်းကြီး တစ်ခုသို့ ပေးပို့ထားပြီး ၎င်းအနေ
ဖြင့် အီဘိုလာကြောင့် သေဆုံးခြင်း ဟုတ်၊ မဟုတ် ရလဒ်ကို အတည်ပြုရန် စောင့်ဆိုင်းနေဆဲ ဖြစ်သည်။

7day

မှတ်ချက်များ