ဘင်္ဂလာဒေခ်ျ့ နိုင်ငံတကာ စစ်ရာဇတ်ခုံရုံးမှ မူဘရက်ကို သေဒဏ်ချ
ဘင်္ဂလာဒေခ်ျ့နိုင်ငံ နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံးကနေ အမ်းဒီ မူဘာရက် ဟူစိန် (Md Mobarak Hossain) ကို ၁၉၇၁ ခုနှစ် ဘင်္ဂလာဒေခ်ျ့ လွတ်လပ်ရေး စစ်ပွဲအတွင်း အစုလိုက်အပြုံလိုက် လူသတ်မှုနဲ့ သေဒဏ်
ပေးလိုက်ပါတယ်။
သူ့ကို ဘင်္ဂလာဒေခ်ျ့ အစိုးရက ဖွဲ့စည်းပေးထားတဲ့ နိုင်ငံတကာရာဇ၀တ်မှု စစ်ဆေးရေး ခုံရုံး အမှတ် (၁) ကနေ တနင်္လာနေ့က သေဒဏ်ပေးလိုက်တာ ဖြစ်ပါတယ်။
သူဟာ အရင်က လက်ရှိ အာဏာရထားတဲ့ အ၀ါမီလိဂ် ပါတီ ခေါင်းဆောင် တစ်ဦးဖြစ်ပြီးနောက်ပိုင်းမှာ လွတ်လပ်ရေး စစ်ပွဲအတွင်း လူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး စွပ်စွဲချက်တွေ ထွက်ပေါ်လာတဲ့ နောက်ပိုင်းမှာ ပါတီက သူ့ကို ထုတ်ပယ်ခဲ့ပါတယ်။
အခု ကြိုးပေးခံရတဲ့ မူဘာရက်ဟာ လွတ်လပ်ရေး စစ်ပွဲအတွင်းက ပါကိစ္စတန် စစ်တပ်နဲ့ ပေါင်းတဲ့ ရာဇာ ကာ ( Razakar) တစ်ဦးဖြစ်ခဲ့ပြီး ၁၉၇၁ ခုနှစ် သြဂတ်စ်လ ၂၃ ရက်နေ့က ဘြမ်မာဘာရီယာ ခရိုင်အတွင်း က ဂင်္ဂါမြစ်ကမ်းဘေးမှာ လက်နက်မဲ့ အရပ်သား ၃၃ ဦးသတ်ဖြတ်ခဲ့တယ်လို့ဆိုပါတယ်။
သူဦးဆောင်တဲ့ ရာဇာကာ ဘာဟေးနီ ( ရာဇာကာ စစ်သား)တွေဟာ အဲဒီလူတွေကို သြဂတ်စ်လ ၂၂ ရက်နေ့မှာ ပြန်ပေးဆွဲ ခေါ်ဆောင်သွားပြီး ညှဉ်းပမ်းနှိပ်စက်ကာ သတ်ဖြတ်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။
သူဟာခုလို လူသတ်မှုနဲ့ ပြစ်မူနှစ်ခုမှာ ထင်ရှားတယ်ဆိုပြီး သေဒဏ်ပေးခံရတာ ဖြစ်ပါတယ်။
ဘင်္ဂလာဒေခ်ျ့နိုင်ငံမှာ ၁၉၇၁ ခုနှစ် လွတ်လပ်ရေး စစ်ပွဲအတွင်း ပါကိစ္စတန် စစ်တပ်နဲ့ ပေါင်းပြီး ဘင်္ဂလီ ပြည်သူတွေ အပေါ် ရာဇ၀တ်မှုတွေကျူးလွန်ခဲ့သူ ၂၃ ဦးကို ဖမ်းဆီး တရားစွဲဆိုထားပြီး ဒီအထဲက ၁၁ ဦးကိုတော့ သေဒဏ်ချမှတ်ထားပြီး သုံးဦးကိုတော့ နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ထားပါတယ်။
ခုလို သေဒဏ်တွေချမှတ်ပေမယ့် အခုအချိန်ထိတော့ ဒက္ကားထောင်ထဲမှာ စစ်ရာဇ၀တ်မှု ကျူးလွန်ခဲ့သူ တစ်ဦးကိုသာ ကြိုးပေး ကွပ်မျက်ခဲ့သေးတယ်လို့ သိရပါတယ်။
နိရဉ္စရာ

မှတ်ချက်များ