ဟိုတယ်ခန်းအတွင်း သေဆုံးနေသည့် စပိန်နိုင်ငံသား ဆေးစစ်ချက်မထွက်သေး

ပုဂံမြို့၊ သရပါဟိုတယ် တွင် တည်းခိုနေသော အသက် (၆၁) နှစ်အရွယ် စပိန်နိုင်ငံသား တစ်ဦးသည် တည်းခိုသည့် အခန်းအတွင်း သေဆုံးသွားကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၂၆ ရက် နံနက် ၈ နာရီတွင် သရပါ ဟိုတယ်ရှိ ၀န်ထမ်းများက သေဆုံးသူ စပိန်နိုင်ငံသားတည်းခို သည့် အခန်းအတွင်းသို့ ၀င်ရောက်ရာ၌ ၎င်း သေဆုံးနေသည်ကို တွေ့ရကြောင်းသရပါဟိုတယ်မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

‘‘ကျွန်မတို့ဝန်ထမ်း တွေ့တဲ့ အချိန်မှာ သူကသေနေပြီ။ အဲဒါနဲ့ သက်ဆိုင်ရာတွေကို အကြောင်း ကြားခေါ်ပါ တယ်။ ဆေးရုံကို စစ်ဆေးဖို့ သယ်သွားပါပြီ။ ဘာ ကြောင့် သေတယ်၊ ဘာရောဂါနဲ့ သေတယ်ဆိုတာ မသိသေးပါဘူး’’ဟု သရပါဟိုတယ်မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

သေဆုံးသူစပိန်နိုင်ငံသား သည် ပုဂံမြို့သို့ အဖွဲ့လိုက်လာ ရောက်ခြင်းဖြစ်ပြီး သရပါဟိုတယ်အခန်းတွင် တစ်ဦးတည်း တည်းခိုနေသူဖြစ်သည်။ ၎င်းသည် နိုဝင် ဘာ ၂၄ ရက်မှစတင်၍ တည်းခိုခြင်းဖြစ်ကြောင်း သရပါဟိုတယ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

‘‘သူ့အခန်းထဲမှာတော့ ၀မ်း သွားတဲ့ လက္ခဏာတွေ့တယ်။ ၀မ်းသွားပြီး သေတာလားဆိုတာ လည်း မသိ
သေးဘူး။ စစ်ဆေး နေတုန်းပဲရှိပါသေးတယ်’’ဟု ပုဂံ မြို့ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ် ဦးကပြောသည်။

ငြိမ်းချမ်း | 7day


မှတ်ချက်များ