အသက်မပြည့်သေးတဲ့ မိန်းကလေးတွေကို အဓမ္မပြုကျင့်ခဲ့ဖူးတယ်လို့ ၀န်ခံလိုက်တဲ့ 7th Heaven" စတား Stephen Collins
WB ဒရာမာဇာတ်ကားဖြစ်တဲ့ 7th Heaven ဇာတ်ကားထဲမှာ အဖေအခန်းက သရုပ်ဆောင်ခဲ့တဲ့ မင်းသား Stephen Collins ဟာ သူ လွန်ခဲ့တဲ့နှစ် ၄၀လောက်တုန်းက အသက်မပြည့်သေးတဲ့ မိန်းကလေးတွေကို အဓမ္မပြုကျင့်ခဲ့ဖူးတယ်လို့ People မဂ္ဂဇင်းကို ၀န်ခံခဲ့ပါတယ်။
"လွန်ခဲ့တဲ့ နှစ်လေးဆယ်တုန်းက ကျွန်တော် ဆိုးဆိုးဝါးဝါး ပြုလုပ်မိခဲ့တဲ့ အမှားတွေအတွက် နောင်တရလို့မ ဆုံးပါဘူး။ အဲ့ဒီအမှားတွေအတွက် လူကောင်းသူကောင်းဖြစ်အောင် ကျန်တဲ့အချိန်တွေမှာ ကြိုးစားခဲ့ရပါ တယ်"လို့သူက ထုတ်ပြန်ချက်တစ်ခုမှာ ပြောဆိုထားပါတယ်။ နောက်ထပ်ဒါမျိုးလည်း ဘယ်တော့မှ လုပ် မိတော့မှာ မဟုတ်ပါဘူးလို့ သူက ဖြည့်စွက်ပြောသွားပါသေးတယ်။
အောက်တိုဘာလတုန်းက TMZက ဖော်ပြခဲ့တဲ့ သတင်းမှာ အသံဖိုင်တစ်ခုထွက်လာခဲ့ပြီး လိင်ဆက်ဆံမှုနဲ့ ပတ်သက်တဲ့ မဆီမလျော်အကြောင်းအရာတစ်ချို့ ပါဝင်နေခဲ့ပါတယ်။ အမျိုးသမီးနဲ့ ပြသနာတွေတက်ပြီး ကွာရှင်းလိုက်ရလို့ အပူအပင်တွေနဲ့ ပြည့်နေတဲ့ Collins ဟာ သူတစ်ယောက်တည်း ဘ၀ကို ဖြတ်သန်းနေခဲ့ တယ်လို့ ဖော်ပြထားပါတယ်။ အဲ့ဒီအသံဖိုင်ထဲမှာ "မဆီမလျော်တာတွေ လုပ်မိခဲ့တဲ့ အချိန်တွေကတော့ လွန်ခဲ့တဲ့ အနှစ် ၂၀၊ ၃၂နှစ်နဲ့ နှစ် ၄၀ အချိန်တွေတုန်းက ဖြစ်တယ်"လို့ သူကဆိုထားပါတယ်။
ဒီဖော်ပြချက်ထဲမှာပဲ သူဟာ အရင်တုန်းက သူစော်ကားခဲ့တဲ့ အမျိုးသမီးတွေဆီ သွားရောက်တောင်းပန် ရင်ကောင်းမလားဆိုတဲ့ စိတ်တွေနဲ့ မွန်းကြပ်နေခဲ့ပါတယ်တဲ့။ သူ့ပြောကြားချက်အရတော့ ခုလိုတွေဖြစ်ပြီး ၁၅နှစ်အကြာမှာ သူ စော်ကားခဲ့တဲ့ သူတွေထဲက တစ်ယောက်ကို သွားရောက်တောင်းပန်ခဲ့ပြီး သူမက အဲ့ဒီလိုတောင်းပန်မှုအတွက် ကျေနပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အဲ့ဒီအချိန်ကတည်းက ခုလိုလိုက်
တောင်းပန်တာမျိုးဟာ သူတို့အတွက် ဆိုးဝါးတဲ့ စိတ်ခံစားချက်တွေ ဖြစ်မှာစိုးတာကြောင့် နောက်ထပ်နှစ်
ယောက်ဆီကို မသွားဖြစ်ခဲ့ပါဘူးတဲ့။
ဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး Collins ဟာ Yahoo နဲ့ရော ABC's 20/20နဲ့ပါ အင်တာဗျူးတွေဖြေ ကြားပေးသွားမှာဖြစ်တဲ့အပြင် ဒီသတင်းအချက်အလက်အားလုံးကိုလည်း မကြာခင်မှာ ဖော်ပြပေးသွားမှာမို့ ဘာတွေဆက်ဖြစ်မယ်ဆိုတာ စောင့်ဖတ်ရဦးမှာပါ။
Trend Myanmar

မှတ်ချက်များ