“တရုတ်Appleဟု” တင်စားခံရတဲ့ Xiaomiဖုန်းများအိန္ဒိယမှာ အပိတ်ခံရ
ကမ္ဘာ့စမတ်ဖုန်းဈေးကွက်မှာ တတိယနေရာရလျှက်ရှိတဲ့ Xiaomiဖုန်းကုမ္ပဏီဟာ အိန္ဒိယနိုင်ငံမှာ ၄င်းဖုန်း
တွေ ရောင်းချခြင်းမှ အပိတ်ပင်ခံလိုက်ရပါတယ်။ Samsung နှင့် Apple ကုမ္ပဏီတို့အား ယှဉ်ပြိုင်နေရတဲ့ Xiaomiဖုန်းကုမ္ပဏီအတွက် အိန္ဒိယစမတ်ဖုန်း ဈေးကွက်ဟာ သိပ်ကိုအရေးကြီးပါတယ်။ အဲဒီ့လို အရေးကြီး
နေချိန်မှာဆွီဒင် ဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ Ericsson မှ မူပိုင်ခွင့်အငြင်းပွားမှုဖြင့် တရားရုံးမှာ စွဲချက် တင့် ရာ တရားသူကြီးက အိန္ဒိယနိုင်ငံအတွင်းXiaomiဖုန်းများ ရောင်းချခြင်းကို ရပ်ဆိုင်းစေလိုက်တာပဲ ဖြစ် ပါတယ်။
Economic Times မှာ ထုတ်ပြန်ကြေညာခဲ့တဲ့ ဒေလီအထက်တရားရုံးမိန့်အရ Xiaomi ဟာ၎င်း၏စမတ်ဖုန်း
တွေကို အိန္ဒိယနိုင်ငံတွင်းထုတ်လုပ်ခြင်း၊ တပ်ဆင်ခြင်း၊ တင်သွင်းခြင်း၊ ရောင်းချခြင်း၊ ကြော်ငြာခြင်းတို့ကို ဆက်လက်ပြီး လုပ်ဆောင်နိုင်တော့မည် မဟုတ်ကြောင်း၊ ဤအမိန့်ဟာ နောက်နှစ် ဖေဖော်ဝါရီလ ၅ရက်နေ့ ထိ တည်မြဲနေမည်ဖြစ်ကြောင်းနဲ့ အိန္ဒိယနိုင်ငံရဲ့ ဥပဒေနဲ့အညီ Xiomiဘက်ကလည်း လိုအပ်လာတဲ့အတိုင်း ချက်ချင်းတုံ့ပြန်ဆောင်ရွက်မှာဖြစ်ကြောင်း သိရပါတယ်။
Trend Myanmar

မှတ်ချက်များ