ဖုန်းမှားဆက်လို့ ပါ


အိမ်တစ်အိမ်မှာ လင်မယား နှစ်ယောက်ရှိပါတဲ့ ။ အဲဒီလင်မယားနှစ်ယောက်မှာ မိန်းမဟာ အတော်လေးကို စကားပြောလွန်းတဲ့ မိန်းမဖြစ်ပါတယ်။ တကယ်လို့ သူအိမ်မှာ တစ်ယောက်တည်း ရှိနေတဲ့ အချိန်မှာ သူဆီ ကို ဖုန်းလာရင်ပဲ ဖြစ်စေ ၊ ဖုန်းလှမ်းဆက်ပြီးပဲ ဖြစ်စေ တစ်နာရီပြီး တစ်နာရီ ဆက်တိုက် ဆိုသလို ဖုန်းပြော ပါသတဲ့။

လကုန်ရက်ရောက်တိုင်း သူပြောတဲ့ ဖုန်းဘေးလ်ဖိုးတွေကို ရှင်းရလွန်းလို့ ဒီကိစ္စ အတွက် သူ့မိန်းမကို ခဏ ခဏပြောပါသတဲ့။ ဒါပေမယ့် သူမရဲ့ အကျင့်ကတော့ မပြောင်းဘူးတဲ့။

တစ်နေ့မှာ ညနေစာ ထမင်းစားနေတုန်း စာပွဲပေါ်မှာတင်ထားတဲ့ တယ်လီဖုန်း က ဖုန်းခေါ်သံကြားပါသတဲ့။ ဒါနဲ့ ဒီမိန်းမဟာ ထမင်းစားရင်း တန်းလန်းနဲ့ အလျင် အမြန်ပဲ ထသွားပြီး ဖုန်းခွက်ကို ကောက်ကိုင်ကာ စကားပြောနေသတဲ့။ ဒါပေမယ့် မိနစ် ၃၀ လောက် ပြောပြီးချိန်မှာ သူမဟာ ဖုန်းခွက်ကို ချပြီး ထမင်းစာပွဲ ဆီကို ပြန်လာပါသတဲ့။

ထမင်းစာပွဲမှာ ထမင်းစားနေတဲ့ ယောကျာင်္ဟာ တစ်ခါမှ ဒီလောက်နဲ့ ဖုန်းချလေ့မရှိတဲ့ သူမိန်းမကို အတော်လေး အံ့သြသွားသလို အတော်လေး ၀မ်းသာသွားသတဲ့။ နောက်ပြီး ဒါဟာ အတော်လေး ကောင်းတဲ့ လက္ခဏာလို့လဲ မှတ်ချက်ပေးပါသတဲ့။ ဘာလို့ ဆိုတော့ သူမဟာ တစ်ခါမှ အနည်းဆုံး ၂ နာရီ မကျော်ပဲ ဖုန်းချလေ့မရှိလို့ပါတဲ့။

ဒါနဲ့ သူ့မိန်းမကို ပျော်ရွှင်စွာနဲ့ စကားတစ်ခွန်းမေးလိုက်ပါတယ်။

" မိန်းမရေ....ဘာလို့ ဖုန်းကို အကြာကြီး မပြောတော့တာလဲ "

ဒီအချိန်မှာ သူ့မိန်းမဆီက ပြန်ပြောလိုက်တာကတော့ " ဖုန်းမှားဆက်လို့ ပါတဲ့ "

ရယ်မောပျော်ရွှင်နိုင်ကြပါစေ

Yangon Media Group

မှတ်ချက်များ