အမျိုးသားအသွင် ဟန်ဆောင်၍ ဘောလုံးပွဲ ကြည့်ရှုခဲ့သည့် ဆော်ဒီ အမျိုးသမီးတစ်ဦးကို အာဏာပိုင်များ ဖမ်းဆီး
ဆော်ဒီအာရေဗျ နိုင်ငံတွင် အမျိုးသား အသွင် ဟန်ဆောင်၍ ဘောလုံးပွဲ သွားရောက် ကြည့်ရှုခဲ့သည့် အမျိုး သမီး တစ်ဦးကို ယင်းနိုင်ငံ အာဏာပိုင် များက ဖမ်းဆီး ခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာ တစ်စောင်က ဒီဇင် ဘာ ၁၅ ရက်တွင် ဖော်ပြခဲ့သည်။
ဆော်ဒီ အာဏာပိုင် များသည် ဖမ်းဆီးခံ ထားရသည့် အမျိုးသမီး ၏ အမည်နှင့် အသေးစိတ် အချက်အ လက် များကို ထုတ်ပြန်ခြင်း မရှိသော်လည်း သူမသည် အသက် ၂ဝ ကျော်ခန့် ရှိပြီး ဘောလုံးကွင်း အတွင်း သို့ ဝင်ရောက် နိုင်ရန် အမျိုးသား တစ်ဦးကဲ့သို့ နေကာ မျက်မှန်နှင့် ဦးထုပ်ကို ဆောင်း၍လက်ရှည်ရှပ်အင်္ကျီ ကို ဝတ်ဆင်ထား ခဲ့သည်။
ရဲတပ်ဖွဲ့သည် သူမကို လွန်ခဲ့သည့် သီတင်းပတ် အကုန်က ကျင်းပခဲ့သည့် အယ်လ်အစ်တီဟက် အသင်း နှင့် အယ်လ်ရှာဘတ် အသင်းတို့ ယှဉ်ပြိုင် ကစားသည့် ပွဲစဉ်တွင် ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ပြီး အမျိုးသား များသာ ကြည့်ရှု နိုင်သည့် ဘောလုံးကွင်း အတွင်းသို့ အမျိုးသမီး သွားရောက် ကြည့်ရှုခြင်းကို မသိရှိခဲ့
ကြောင်း သူမက ငြင်းဆို ထားသည်။
သူမသည် အဆိုပါ ဘောလုံးပွဲ အတွက် လက်မှတ်ကို အွန်လိုင်းမှ တစ်ဆင့် ဝယ်ယူခဲ့ခြင်း ဖြစ်ပြီး ယခုအခါ သူမကို အာဏာပိုင် များက မက္ကာပြည်နယ် ရှိ အမျိုးသမီး ထိန်းသိမ်းရေး ဌာနတွင် ထိန်းသိမ်း ထားပြီး သူမ ကို တရားစွဲဆို ထားခြင်း မရှိသေးပေ။
ဆော်ဒီအာရေဗျ နိုင်ငံတွင် အမျိုးသမီးငယ် အများစုသည် ၄င်းတို့၏ မျက်နှာနှင့် ဆံပင်ကို ဖုံးအုပ် ထားလေ့ ရှိပြီး လူမြင်ကွင်း အလယ်တွင် တင်းကျပ်မှု မရှိသည့် အဝတ်အနက် များကိုသာ ဝတ်ဆင်ရလေ့ ရှိကြောင်း သိရသည်။
PyiChitThar

မှတ်ချက်များ