စာရေးဆရာ ဦးထင်လင်းဦးကို သာသနာ ညိုးနွမ်းစေမှုနဲ့ ရုံးတင်စစ်ဆေး
NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဗဟိုပြန်ကြားရေး အဖွဲ့ဝင် စာရေးဆရာ ဦးထင်လင်းဦးကို သာသနာ ညိုးနွမ်းစေမှုနဲ့ ဒီကနေ့ ချောင်းဦးမြို့နယ် တရားရုံးမှာ ပထမဆုံး အကြိမ်ရုံးတင် စစ်ဆေးခဲ့ရာ တရားသူကြီး က အာမခံမပေးပဲ ပယ်ချလိုက်ပြီး မုံရွာအကျဉ်းထောင်ကို ပို့လိုက်ပါတယ်။
ဦးထင်လင်းဦးကို ချောင်းဦးမြို့နယ် ရဲအချုပ်ခန်းမှာမထားပဲ မုံရွာထောင်ကိုခေါ်သွားတယ်လို့ ဒီကနေ့ရုံးချိန်း
သွားရောက်ခဲ့တဲ့ ညီအကို ၀မ်းကွဲတော်သူ ဦးဆန်းထွန်းက ပြောပါတယ်။
ဦးထင်လင်းဦးကို ချောင်းဦးမြို့နယ် တရားရုံးက အမှုကို ဖြေရှင်း ပေးဖို့ဆိုပြီး ဆင့်ခေါ်စာထုတ် ခေါ်ယူခဲ့ပေ မယ့် ဒီကနေ့ တရားသူကြီးက အာမခံမပေးပဲ ရဲအချုပ်ခန်းမှာ မထားပဲ မုံရွာထောင်ကို ပို့လိုက်တာဟာ မတ ရားဘူးလို့ မိသားစု ဝင်တွေက ပြောပါတယ်။
RFA Burmese

မှတ်ချက်များ