ချယ်လ်ဆီးသာ အကောင်းဆုံးဟု မော်ရင်ဟို ကြွေးကြော်

စတုတ်စီးတီးအသင်းကို တယ်ရီနှင့်ဖာဘရီဂတ်စ်တို့၏ သွင်းဂိုးများဖြင့် နှစ်ဂိုး ဂိုးမရှိအနိုင်ရခဲ့ပြီးနောက် နည်းပြ မော်ရင်ဟိုက အသင်းမှာ ယခုရာသီတွင် ယနေ့အချိန်ထိ အကောင်းဆုံးအသင်းဖြစ်နေကြောင်း
ပြောကြားလိုက်သည်။

‘‘အရင်က ဖြစ်ခဲ့တာတွေက အရေးမကြီးပါဘူး။ အရေးကြီးတာက ဒီရာသီမှာ ပထမဆုံးရက်ကတည်းက ကျွန်တော်တို့ တကယ်ကောင်းကောင်းကစားခဲ့လို့ အခုလိုပဲ အမှတ်ပေးဇယားထိပ်ဆုံးနေရာ ရထားတာပါ။ ကျွန်တော့်အမြင်မှာတော့ ဒီနေ့ထိ ကျွန်တော်တို့ဟာ အကောင်းဆုံး အသင်းပါပဲ။ ဒါကြောင့် ထိပ်ဆုံးနေရာ
ကို ရထားတာပါ’’ ဟု မော်ရင်ဟိုက ပြောသည်။

စတုတ်နှင့်ပွဲတွင် တယ်ရီက ပွဲကစားချိန် ၂ မိနစ်တွင် ဖာဘရီဂတ်စ်၏ ထောင့်ကန်ဘောမှတစ်ဆင့် ချယ်လ် ဆီးအတွက် အဖွင့်ဂိုး သွင်းယူခဲ့သည်။ ထို့နောက် ဖာဘရီဂတ်စ်ကပင် ပွဲကစားချိန် ၇၈ မိနစ်တွင် ချယ်လ်ဆီး အတွက် တစ်ဂိုးသွင်းယူပေးခဲ့သည်။

ဝက်စ်ဟမ်းအသင်းကို ဒီဇင်ဘာ ၂၆ ရက်တွင် လက်ခံကစားရမည့် ချယ်လ်ဆီးအသင်းနှင့် သွားရောက်ယှဉ် ပြိုင်ရမည့်မန်စီးတီးသည် ၃၉ မှတ်ရရှိထားပြီး အမှတ်ပေးဇယား တတိယနေရာမှ မန်ယူမှာ ၃၂ မှတ် ရရှိ ထားသည်။ မော်ရင်ဟိုမှာ ချယ်လ်ဆီးအသင်းကို ၂၀၁၄-၁၅ ဘောလုံးရာသီအတွင်း အဓိကဖလားလေးလုံး ရအောင် စွမ်းဆောင်နိုင်လိမ့် မည်ဟု စတုတ်အသင်းနည်းပြ မာ့ခ်ဟု့ခ်ျက ပြောကြားခဲ့သည်။

မန်ယူနည်းပြဟောင်း ဖာဂူဆန်ကလည်း မော်ရင်ဟိုကို ‘‘သူက ရုပ်လည်းကြည့်ကောင်းတယ်။ အခု သူ့ဆံ ပင်က မင်းသားဂျော့ခ်ျကလူနီရဲ့ ဆံပင်ပုံစံနဲ့ နည်းနည်းတူနေပြီး ဘာသာစကားလည်း ငါးမျိုးပြောတတ် တယ်။ သူဘောလုံးတစ်ပွဲမှ မကစားဖူးခဲ့ပေမယ့် ဖလားတွေအများကြီးရယူနိုင်ခဲ့ပါတယ်’’ ဟု ချီးကျူးသည်။

7day


မှတ်ချက်များ