လေးဖြူ၏ တစ်ကိုယ်တော် ဒိုင်ယာရီ ဒီဇင်ဘာ ၂၇ ထွက်မည်
အိုင်းရင်းခရော့ခ်အဖွဲ့၏ ပင်တိုင်အဆိုတော် လေးဖြူ၏ ကိုယ်ပိုင်သံစဉ် တစ်ကိုယ်တော် အခွေကို ဒီဇင်ဘာ ၂၇ ရက်တွင် စတင်ဖြန့်ချိမည် ဖြစ်သည်။
တစ်ကိုယ်တော်ခွေကို ‘‘ဒိုင် ယာရီ’’ ဟု အမည်ပေးထားကာ ကိုယ်ပိုင်သံစဉ်သီချင်းစုစုပေါင်း၁၁ ပုဒ်ပါဝင် မည်ဖြစ်ပြီး အွန်လိုင်းမှ ဖြန့်ချိထားသည့် ‘‘ဒိုင်ယာရီ’’၊ ‘‘စိတ်ပူတယ်’’ သီချင်းများလည်း ပါဝင်သည်။ ဒီဇင်ဘာ ၂၇ ရက်တွင် Myanmar Music Store မှဖြန့်ချိပေးမည်ဖြစ်ပြီး နံနက် ၁၁ နာရီခန့်တွင် စတင်ဝယ်ယူနိုင်မည် ဟု အဆိုပါ အွန်လိုင်းစတိုးမှ ဦးကိုကိုလွင်က ပြောသည်။
ဇွဲဉာဏ် | 7day

မှတ်ချက်များ