အလွယ်လမ်းဆိုတာ ခဏတာအတွက်ပဲ ကောင်းပါတယ်


ခက်ခဲတဲ့ အလုပ်တွေကို လုပ်တဲ့ အခါမှာ စိတ်ရှုပ်ရတယ် ပင်ပန်းရတယ် ကြိုးစားရတယ်နောက်ဆုံးတော့
စိတ်ရော ကိုယ်ပါ မောပန်းရတယ်။ အဲလို ကြိုးစားတာ တောင်မှတစ်ခါတစ်လေမှာ မအောင်မြင်ဘူး။ တစ်ခါတစ်လေ ကြပြန်တော့လည်း အောင်မြင်ဖို့ လမ်းစလောက်ပဲ တွေ့ခဲ့ရတယ်။

အဲလိုတွေကြောင့် လူတော်တော် များများဟာ ခက်တဲ့ အလုပ်တွေကို ရှောင်ရှားကြတယ်။လွယ်ကူပြီး
စဉ်းစားဥာဏ် နည်းပါးတဲ့ အလုပ်တွေ ကိုသာ ရွေးချယ်၍ လုပ်တတ် ကြတယ်။ အဲဒီမှာ စပြီး အောင်မြင် သူနဲ့ မအောင်မြင်သူ ကွဲပြားသွားတော့ တာပါပဲ။လွယ်ကူတဲ့လမ်းနောက်ကိုလိုက်ကြသူတိုင်းဟာ အောင်မြင် ဖို့ အတွက် လမ်းစပျောက် နေကြတယ်။

တကယ်တော့ အလွယ်လမ်းဆိုတာ ခေတ္တခဏတာ အတွက်သာ ကောင်းမွန်ပြီး တစ်ဘဝစာ အတွက်
ဆိုရင်တော့ မကောင်းပါဘူး။ ခက်ခဲတဲ့ အလုပ်တွေဟာအစပိုင်းမှာသာ စိတ်ရော ကိုယ်ပါ မောပန်းနေရပေ မယ့် နောက်ဆုံးမှာတော့ အကြီးမားဆုံး အောင်မြင်မူကို ရရှိမှာပါ။

ကျော်လင်းနိုင် (ရိုးရာလေး)

မှတ်ချက်များ