လုပ်ငန်းခွင်ဘဝတွင် အောင်မြင်ရန် နည်းလမ်း


၂၀၁၄ ခုနှစ်လည်း ကုန်နေပါပြီ။ ရိုးရာလေး စာဖတ်သူတို့အနေနဲ့ ဘာတွေ ထူးထူးခြားခြား လုပ်ဖြစ်လို့
နောက်နှစ်မှာကော် ဘာတွေ လုပ်ဖို့ စိတ်ကူးထားပါသလဲ။ များသောအားဖြင့်က အချိန်ဆိုတာ ကုန်မှန်းမသိ ကုန်သွားကြသူတွေချည်း ဖြစ်ပါတယ်။ ပြီးတော့ မှန်ထဲမှာ ကြည့်ပြီး ငါဘာမှ ဖြစ်မလာသေးပါလားလို့ တွေ
ဝေ စိတ်ဆင်းရဲနေတော့မှာလား။ အလုပ်ကြိုးစားပြီး ရည်မှန်းချက် ကြီးကြီးမားမား ထားသူများကို စာရေးသူ ကိုယ်တိုင် ကျင့်သုံးခဲ့တဲ့ လမ်းစဉ်အတိုင်း မျှဝေပါရစေ။

၁) အချိန်မဖြုန်းနဲ့

အသက် ၈၀ တန်းကာလမှာ ကျွန်တော်တို့ အလုပ်လုပ်နိုင်ရင် အသက် ၁၈ ကနေ ၅၀ ကြား နှစ် ၃၀
လောက်စာပါပဲ။ ယခု ဘာတွေ လုပ်ဖြစ်ခဲ့ပြီးလဲ။ ပြန်မရနိုင်တော့တဲ့ ဆုံးရှုံးမှုထဲမှာ မိဘနဲ့ အချိန်လည်း ပါဝင်ပါတယ်။ တစ်နှစ်တာ ကုန်ဆုံးသွားပါပြီ။ တစ်စက္ကန့်လေးတောင်မှ အလဟဿ မကုန်ဆုံးစေရဘူးလို့ ခံယူချက် ရှိဖို့လိုအပ် ပါတယ်။

၂) အနာဂတ်အတွက် စီမံကိန်းချ

ပစ္စုပ္ပန်မှာပဲ တည့်တည့်နေ၊ ကောင်းအောင်လုပ်ဆိုတာ တရားအားထုတ်တဲ့အခါ ကောင်းပေမယ့် မိမိတို့ အသက်မွေးဝမ်းကျောင်းပြုတဲ့အခါ အနာဂတ်ဆိုတာ မတွေးပဲ နေလို့ မရ ပါဘူး။ များသော အားဖြင့်ဟာ အနာဂတ်ကို တွေးတောကို ပျင်းရိကြပါတယ်။ အကြောင်းကတော့ တွေးတောရန် သက်သက်ကို ပျင်းတာ ရှိသလို၊ အချို့ကျတော့ လေ့လာ ဖတ်ရှုပြင်ဆင်ထားခြင်း မရှိတာကြောင့် ဖြစ်ပါတယ်။ ၂၀၁၅ မှာ တိုင်းပြည်တွင် အပြောင်းအလဲများ ရှိလာနိုင်ပါတယ်။ အဓိက အားဖြင့် စီးပွားရေး လုပ်ငန်းနယ်ပယ်မှာ
ပြောင်းလဲမှု ရှိပြီး မိမိ အနေနဲ့ ဘယ်နေရာမှာ ဘယ်လို စီးပွားရေးလုပ်မယ်။ ဘယ်လို အလုပ်လုပ်မယ်။ လက်ရှိ လုပ်နေတာကနေ ဘယ်လို ပြောင်းရွှေ့မှုတွေ လုပ်မယ်၊ ဘယ်လို ပညာလေးတွေတော့ ဆက်ပြီး
တော့ ဆည်းပူးလိုက်မယ် အစရှိသဖြင့် စီမံကိန်းရှိဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် အချိန်တွေ ကုန်ုလို့ ကုန် မှန်းမသိ ဖြစ်သွားပါလိမ့်မယ်။

၃) နှလုံးသားနဲ့ အလုပ်လုပ်


ဒါဟာ စာရေးသူရဲ့ ခံယူချက်ပါ။ စာရေးသူ အနေနဲ့ ရိုးရာလေးမှာ စာရေးတဲ့အခါ တစ်ဖက်သားအနေနဲ့ ဖတ်ရှု လိုက်ရင် ဘာလေးတော့ ရလိုက်ပါစေ ဆိုတဲ့ စိတ်မျိုးအမြဲထား ပါတယ်။ ဒါ့အပြင် အခြားသော လုပ်ငန်းခွင် ဆောင်တာ တွေမှာလည်း မိမိရဲ ကျရာတာဝန်ကို ပြီးရင်ပြီးရော မဟုတ်ပဲ မိမိရဲ့ အကောင်း ဆုံးသော လုပ်ဆောင်ချက်နဲ့ လုပ်ပါတယ်။ ပြောချင်တာက စေတနာပါ။ စေတနာထက်သန်ရင် ဘာမဆို
ကောင်းကျိုး ရှိပါတယ်။ စေတနာကို အခြားအရာများနဲ့ မရောထွေးမိပါစေနဲ့။ မိတ်ဆွေ လုပ်ဖော်ကိုင် ဖက်တွေထဲမှာ လစာ ဒီလောက်ရတော့ ဒီလောက်နဲ့ တန်တာပဲ လုပ်ပေးမယ်။ ငါမလုပ်ချင်တာကို ခိုင်းလို့ ဒီလောက်တော့ လုပ်ပေးမယ် ဆိုတာမျိုး ဘယ်တော့မှ မလုပ်ပါနဲ့ ဆိုတာမျိုးတွေ ရှိပါတယ်။ သူတို့လေး
တွေ နေရာတစ်ခုကနေ မတည်မြဲပဲ၊ အလုပ်မအောင်မြင်ပဲ ရှိရပါတယ်။ ဆေးစက်ကျရာ အရုပ်ပေါ်ရမယ့် ဘဝမှာ အရုပ်လှလှလေးသာ ဖြစ်ပါစေ။ နှလုံးကောင်း စေတနာ စိတ်ရင်းမှန်နဲ့ အလုပ်လုပ်တဲ့အခါ ဘာမဆို
အောင်မြင်လာပါလိမ့်မယ်။ ဒါဟာ အဓိက အချက်ပါ။

၎) သင်ယူလေ့လာမှု မရပ်တန့်ပါနဲ့

သင်ယူလေ့လာမှုကို ရပ်တန့်တဲ့အချိန်ဟာ ဘဝသေဆုံးတဲ့ အချိန်မှာပဲ။ သင်ယူလေ့လာတယ်ဆိုတာ သင်တန်းကြီး တက်နေမှ မဟုတ်ပါဘူး။ မိမိကိုယ်တိုင် လေ့လာနိုင်တဲ့အရာကို အချိန်ကာလ တစ်ခုအတွင်းမှာ လေ့လာဆည်းပူးဖို့ လိုအပ် ပါလိမ့်မယ်။ သင်ယူလေ့လာခြင်း၊ စာဖတ်ခြင်း အစရှိသဖြင့် အလေ့အကျင့်ကောင်း များက မိမိရဲ့ အရည်အချင်းကို မြင့်တင်စေပါတယ်။ ဘာမှ လေ့လာစရာမလိုတော့ ဘူးလို့ ထင်နေတောင် အင်္ဂလိပ်စာ ဘာသာစကား လေးတော့ လေ့လာပါ။

၅) ဘာသာရေး လိုက်စား

ဘာသာရေး လိုက်စားလို့ ဆိုရတဲ့ အကြောင်းကတော့ မိမိရဲ့ စိတ်ကို တည်ငြိမ်အောင် ထားတတ်စေဖို့ပါ။ စိတ်ဓာတ်ကျတာတို့၊ စိတ်ဆင်းရဲတာတို့၊ သောက၊ လောဘ၊ မောဟ အပူမီးများကို အလုပ်တွေ ဘယ်
လောက် လုပ်လုပ် မငြိမ်းစေပါဘူး။ ဒါကို ငြိမ်းစေတာက ဘာသာရေး အသိအမြင်များသာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ တစ်ဖက်တစ်လမ်းကလည်း အချိန်ပေးလို့ ဘာသာရေး ကိုလေ့လာ ကျင့်ကြံနေဖို့ လိုအပ်ပါ
သေးတယ်။ သီးသန့်ကြီး အချိန်မပေးနိုင်ရင်တောင် ကားစီးရင်၊ လမ်းလျှောက်ရင်း၊ အလုပ်အားနေရင်း၊ ရုံးပိတ်ချိန် တို့မှာတောင် လေ့လာ ကျင့်ကြံလို့ ရပါတယ်။

အောင်ခမ်း (ရိုးရာလေး)

မှတ်ချက်များ