ပြည်တွင်းစက်သုံးဆီဈေး အနည်းငယ်ကျ


ကမ္ဘာ့ရေနံဈေးမှာ ငါး နှစ်အတွင်း စံချိန်တင်ကျဆင်းနေ သော်လည်း ပြည်တွင်းစက်သုံးဆီ ဈေးမှာ အမေရိ ကန်ဒေါ်လာဈေး မြင့်တက်မှုကြောင့် အနည်းငယ် သာဈေးကျကြောင်း စက်သုံးဆီ တင်သွင်းရောင်းချသော လုပ်ငန်း ရှင်များထံမှ သတင်းရရှိသည်။

‘‘ငွေဈေးတက်တော့ ကမ္ဘာ့ ဈေးကျပေမယ့် သိပ်ချမရဘူး’’ဟု ပြည်ပမှ စက်သုံးဆီတင်သွင်းနေ သောလုပ် ငန်းရှင် ဒေါက်တာ စိုး ထွန်းက ပြောသည်။

ရေနံထုတ်လုပ်တင်ပို့ရောင်း ချနေသော နိုင်ငံများအဖွဲ့ (OPEC)က လာမည့်နှစ်တွင် ကမ္ဘာ့ရေနံဝယ်လို အားလျော့နည်းနိုင်သည်ဟု အစီရင်ခံစာထုတ်ပြန်ပြီးနောက် ရေနံစိမ်းတစ်စည်၏ ဈေးနှုန်းမှာ အမေရိကန်ဒေါ်  bလာ ၆၄ ကျော်သာဈေးရှိသည်။

ယင်းသို့ ဈေးကျဆင်းမှု ကြောင့် ပြည်တွင်းဈေးကွက်တွင် ဒီဇယ် တစ်ပီပါလျှင် ကျပ်တစ် သောင်းကျော်နှင့် အောက်တိန်း တစ်ဂါလန်လျှင်ကျပ်တစ်သောင်း ခန် ဈေးကျလာသည်။ ယင်းသို့ လက်ကား ဈေးကွက်တွင် ဈေး နှုန်းများ ကျသော်လည်း လက်လီဆိုင်ဈေး ကျဆင်းခြင်းမရှိ ကြောင်း ပြည် တွင်းမှ စက်သုံးဆီ ရောင်းချသူတစ်ဦးက ပြောသည်။

‘‘ဆီဈေးကမကျပါဘူး။ အ ရင်အတိုင်းပဲ ၀ယ်နေရတယ်’’ဟု ရွှေပြည်သာမြို့နယ်နေ တက္ကစီယာဉ်မောင်း ဦးကျော်စိုးက ပြောသည်။ စက်သုံးဆီဆိုင်များတွင် လက်ရှိရောင်းဈေးမှာ အောက် တိန်းတစ်ဂါလန်လျှင် ကျပ် ၉၅၀ မှ ၉၂၀ ကြား၊ ဒီဇယ်တစ်ဂါလန် ကျပ် ၉၈၀ မှ ၉၃၀ ကြားရှိသည်။

ပြည်သိမ်း | 7day

မှတ်ချက်များ