တည်ဆောက်ဆဲ မြေနီကုန်း ခုံးကျော်တံတား စီမံကိန်းအနီး ယာဉ်ကြောကျပ်နေသည်ကို ဒီဇင်ဘာ ၁၄ ရက် နံနက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ဆိုးရွားလာသော ရန်ကုန်မြို့ ယာဉ်ကြောပိတ်ဆို့မှုကို ကုစားရန် ခုံးကျော်တံတားများကို ၂ဝ၁၁ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ဆောက်လုပ်ရန် စီစဉ်ခဲ့သည်။
ထိုစဉ်က ယာဉ်ကြောပိတ်ဆို့မှု အများဆုံး လမ်းဆုံကြီးများဖြစ်သည့် လှည်းတန်း၊ ဘုရင့်နောင်၊ ရွှေဂုံတိုင်၊ တာမွေငါးခွဆုံ စသည်တို့တွင် ခုံးကျော်တံတားများကို လေးလအတွင်း အပြီးတည်ဆောက်မည်ဟု ထုတ်ပြန်ခဲ့ကြသည်။ သို့သော်လည်း လုပ်ငန်းများ ချက်ချင်းစတင်နိုင်ခြင်း မရှိသဖြင့် အများပြည်သူအကြား ဝေဖန်မှုများစွာ မြင့်တက်ခဲ့သည်။
ထို့နောက် တံတားတာဝန်ယူဆောက်မည့် ကုမ္ပဏီများကို ရွေးချယ်ခဲ့ရာ လှည်းတန်းခုံးကျော်တံတားကို နာမည်ကြီး ရွှေတောင်ကုမ္ပဏီ၊ ရွှေဂုံတိုင် ခုံးကျော်တံတားကို Capital Development ကုမ္ပဏီ၊ ဘုရင့်နောင် ခုံးကျော်တံတားတို့ကို FMI ကုမ္ပဏီတို့ကို ဆောက်လုပ်ခွင့်ပေးခဲ့သည်။
ယင်းခုံးကျော်တံတားများထဲမှ ပထမဆုံး လှည်းတန်းခုံးကျော်တံတားကို ၂ဝ၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ပန္နက်တင်ခဲ့ပြီး အကြိုအင်ဂျင်နီယာ လုပ်ငန်းများဖြစ်သည့် တံတားဆောက်လုပ်မည့် နေရာအနီး လမ်းချဲ့ခြင်းများ စတင်ပြုလုပ်ခဲ့ကာ တည်ဆောက်ရေးလုပ်ငန်းများ စတင်ခဲ့သည်။
ခုံးကျော်ဆောက်လုပ်ရေး လုပ်ငန်းများ ပြုလုပ်နေစဉ်အတွင်း ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ပြီး တံတားတည်ဆောက်ချိန် တစ်နှစ်ကျော် ကြာမြင့်ခဲ့သည်။ ၂ဝ၁၃ ခုနှစ် ဧပြီလဆန်းပိုင်းတွင် တံတားအား စတင်အသုံးပြုခွင့် ပေးခဲ့သည်။ တံတားတည်ဆောက်စဉ်က လှည်းတန်းလမ်းဆုံ၏ ယာဉ်ကြောပိတ်ဆို့မှု အထိုက်အလျောက် ပြေလည်သွားမည်ဟု သက်ဆိုင်ရာက ပြောကြားခဲ့ကြသော်လည်း တံတားဆောက်ပြီး သွားသော်လည်း ယာဉ်ကြောပိတ်ဆို့မှု ပြေလည်သွားခြင်း မရှိ။ တံတားအဆင်း နာနတ်တောမီးပွိုင့်တွင် ယာဉ်များ သွားရောက်ပိတ်ဆို့နေ၍ နာနတ်တော မီးပွိုင့်ကို ဖျက်သိမ်းခဲ့ရသည်။
ထို့နောက် ဒုတိယမြောက်ဖြစ်သည့် ဘုရင့်နောင်ခုံးကျော်တံတား စတင်ဆောက်လုပ်ရန် ပြင်ဆင်နေချိန်တွင် တာမွေငါးခွဆုံမီးပွိုင့်၌ ခုံးကျော်တံတား ဆောက်လုပ်ရန် မလိုတော့ကြောင်း၊ ယာဉ်သွားလာမှု အဆင်ပြေစေရေးအတွက် လမ်းချဲ့ထွင်မှုများသာ ပြုလုပ်ပေးရန် လိုတော့ကြောင်း ယင်းအချိန်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ခဲ့သည်။
ဘုရင့်နောင် ခုံးကျော်တံတားအား ၂ဝ၁၂ ခုနှစ် ဇွန်လတွင် ပန္နက်တင်ကာ စတင်ဆောက်လုပ်ခဲ့သည်။ ဘုရင့်နောင်ခုံးကျော်တံတား ဆောက်လုပ်မည့် ဘုရင့်နောင်လမ်းဆုံမှာ ယာဉ်သွားလာမှုများပြားပြီး နှစ်ထပ်တံတား ဆောက်မည်ဖြစ်သောကြောင့် တံတားတည်ဆောက်ချိန်အား တစ်နှစ်ခန့် အချိန်ယူမည်ဟု ထိုစဉ်က တံတားကို တာဝန်ယူတည်ဆောက်မည့် FMI ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။ တံတားတည်
ဆောက်နေစဉ်အတွင်း ဆိုးရွားသည့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့ပြီး သွားလာမှု အခက်အခဲများစွာ ဖြစ်ပေါ်ခဲ့သည်။
ယင်းတံတားများအား အချိန်တစ်နှစ်ကျော်ကြာအောင် ဆောက်လုပ်ခဲ့ပြီး ၂ဝ၁၃ ခုနှစ် အောက်တိုဘာလမှ သာ အပြီးသတ်၍ စတင်အသုံးပြုခွင့် ပေးခဲ့သည်။ သို့သော်လည်း ယာဉ်ကြောပိတ်ဆို့မှု မပြေလည်သေး။ ပိတ်တာကတော့ ပိတ်နေဆဲပင်။
ရွှေဂုံတိုင် ခုံးကျော်တံတားကို ၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်းတွင် ပန္နက်တင်ကာ စတင်ဆောက်လုပ် ခဲ့ပြီး တံတားအား ၁၁ လအတွင်း အပြီးတည်ဆောက်မည်ဟု ပြောကြားခဲ့သည်။ ရွှေဂုံတိုင်လမ်းဆုံ အနေအထားမှာ ယခင်ကတည်းက လမ်းကျဉ်းမြောင်းခြင်းကြောင့် ခုံးကျော်တံတား ဆောက်လုပ်နေချိန် တွင် လမ်းကြောပိတ်ဆို့မှုများ ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့ပြီး လမ်းပျက်စီးမှုများလည်း ဖြစ်ပေါ်ခဲ့သည်။ ဆောက် လုပ်ချိန် တစ်နှစ်ခန့်ကြာမြင့်ပြီးမှ တံတားအား အသုံးပြုခွင့် ပေးခဲ့သည်။ တံတားပြီးသွားသော်လည်း ယာဉ်ကြောပိတ်ဆို့မှု မပြေလည်သေး။ ဒုံရင်းမှဒုံရင်းပင် ဖြစ်သည်ဟု အဆိုပါနေရာကို ဖြတ်သန်းမောင်းနှင် သည့် ယာဉ်မောင်းတိုင်းက မှတ်ချက်ပေးကြသည်။
ခုံးကျော်တံတား တည်ဆောက်ပြီးပါက ယာဉ်ကြောပိတ်ဆို့မှုများ အထိုက်အလျောက် ပြေလည်လာနိုင်မည် ဟု ခရီးသွားပြည်သူများ မျှော်လင့်ခဲ့ကြသော်လည်း တံတားများပြီးစီးသည့် အချိန်တွင် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာမှာ ဒုံရင်းမှဒုံရင်းပင် ဖြစ်လာခဲ့၍ ခရီးသွားပြည်သူများစွာ စိတ်ပျက်မှုများနှင့် ကြုံတွေ့ခဲ့ရသည်။ တံတားများ တည်ဆောက်ချိန် ဆိုးရွားသည့် ယာဉ်ကြောပိတ်ဆို့မှုများကြောင့် နောက်ထပ်ခုံးကျော်တံတား များ ဆောက်လုပ်မည်ကို ခရီးသွားပြည်သူများ ကြောက်ကြနေကြသည်။
ယင်းသို့ ဒုံရင်းပင် ဖြစ်လာရသည့် အကြောင်းရင်းတွင် ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းပေးမည့် ခုံးကျော်တံတား စီမံကိန်းများ ရေးဆွဲသည့်အပေါ်တွင် စနစ်တကျ သုတေသန ပြုလုပ်ထားမှု မရှိခြင်း၊ ခုံးကျော်တံတား စီမံကိန်းမှာ ယာဉ်အစီးရေ မည်မျှအပေါ်တွင် အကျိုး သက်ရောက်မှုရှိမည်ကို ကြိုတင် တွက်ချက်ထားမှု အားနည်းခြင်းများနှင့် ကျွမ်းကျင်ပညာရှင်များနှင့် မဟုတ်ဘဲ နီးစပ်ရာများကိုသာ ဆောက် လုပ်ခွင့်ပေးခဲ့ခြင်းကြောင့် ဆောက်လုပ်စဉ်က ယာဉ်ကြောပိတ်ဆို့မှု များဖြစ်ခဲ့ပြီး ဆောက်လုပ်ပြီးသည့် အခါတွင်လည်း ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နေရဆဲပင်ဖြစ်ကြောင်း သုံးသပ်နေကြသည်။
သို့ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ ခုံးကျော်တံတားများဖြင့် ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းကုစား နည်းမှာ အောင်မြင်မှု မရရှိခဲ့ပေ။ သို့သော်လည်း ၂ဝ၁၃ နှစ်ကုန်ပိုင်းတွင် မရမ်းကုန်းမြို့နယ် ရှစ်မိုင်လမ်း ဆုံနှင့် မြေနီကုန်းလမ်းဆုံတို့တွင် ခုံးကျော်တံတားများ ထပ်မံတည်ဆောက်မည်ဟု သတင်းများ ထွက်ပေါ် လာခဲ့သည်။
“တာမွေငါးခွဆုံ ခုံးကျော်တံတားဆိုရင် JICA က လုပ်ပေးမယ်ဆိုပြီး ပြောထားတဲ့အတွက် အခု အလျင်စလို မလုပ်သင့်ဘူး။ ဒါပေမဲ့ ကုက္ကိုင်းလမ်းဆုံကလည်း လုံးဝကို မဆောက်သင့်ဘူး။ အရမ်းကြီး ယာဉ်ကြောကျပ် တဲ့ထဲမှာ မပါပါဘူး။ ပြီးတော့ ဒီခုံးကျော်တံတား စီမံကိန်းတွေကို ဆောက်ခွင့်ရသွားတဲ့ သူတွေက အစိုးရ အဖွဲ့နဲ့ နီးစပ်တဲ့သူတွေပဲ ဖြစ်နေတယ်ဆိုတာ မီဒီယာတွေမှာ ဖော်ပြချက်တွေက မှန်ကန်သလား ဆိုတာ လည်း မေးခွန်းထုတ်ချင်ပါတယ်” ဟု ဒေါက်တာညိုညိုသင်းက ပြောကြား . . . . .
မြေနီကုန်းတွင် ခုံးကျော်တံတား တည်ဆောက်ရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ရန်ကုန်တိုင်းဒေ သကြီး အစိုးရက ဘဏ္ဍာငွေ တင်ပြတောင်းခံလာခြင်းကြောင့် ယင်းနေရာတွင် ဆောက်လုပ်ရန် သေချာ သွားခဲ့ပြီး ရှစ်မိုင်လမ်းဆုံတွင် ဆောက်လုပ်ရန်မှာ ခေတ္တပျောက်ကွယ်သွားခဲ့ရသည်။
မြေနီကုန်း ခုံးကျော်တံတားကို စက်တင်ဘာ ၂ ရက်တွင် ပန္နက်တင်ကာ စတင်တည်ဆောက်ခဲ့ပြီး ယခင်ရွှေ ဂုံတိုင် ခုံးကျော်တံတားကို တာဝန်ယူ တည်ဆောက်ခွင့်ရခဲ့သည့် Capital Development ကုမ္ပဏီကပင် ဆောက်လုပ်ခွင့်ရခဲ့သည်။ ယင်းတံတားအား ၂ဝ၁၃ ခုနှစ် မတ်လကုန်တွင် အပြီးတည်ဆောက်ရမည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားထား၍ အပြီးတည်ဆောက်မည်ဟု Capital Development ကုမ္ပဏီကဆိုထားသည်။
တည်ဆောက်ချိန် ခြောက်လကျော်နှင့် တံတားပြီးစီးရန် မလွယ်ကူဘဲ ယခင်ဆောက်လုပ်ခဲ့သည့် တံတား များ၏ ကြာမြင့်ချိန်မှာ တစ်နှစ်ခန့် ရှိထားခြင်းကြောင့် လည်းကောင်း၊ မြေနီကုန်းတံတားမှာ အခြားခုံးကျော် တံတားများထက် ပိုမိုရှည်လျားခြင်းကြောင့် ပြီးစီးရန်မှာ မလွယ်ကူသည့် ရာခိုင်နှုန်းများနေသည်။
ထိုသို့ အခြေအနေများတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရက ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် အထူးစီမံကိန်း လုပ်ငန်းအနေဖြင့် ရှစ်မိုင်လမ်းဆုံ၊ တာမွေငါးခွဆုံနှင့် ကုက္ကိုင်းလမ်းဆုံတို့တွင် ခုံးကျော်တံတား သုံးစင်း ထပ်မံတည်ဆောက်ရန် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဘဏ္ဍာငွေတောင်းခံလာခဲ့သည်။ ယင်းနေ ရာများတွင် ခုံးကျော်တံတားဆောက်လုပ်ရန် လိုအပ်သည်ဟုဆိုကာ တောင်းခံခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ရန်ကုန်မြို့တွင် ဆောက်လုပ်ခဲ့ပြီးဖြစ်သော လှည်းတန်း၊ ရွှေဂုံတိုင် ခုံးကျော်တံများမှာ ယာဉ်ကြောပိတ် ဆို့မှုကို ဖြေရှင်းနိုင်မှု မရှိခြင်းကြောင့် တာမွေငါးခွဆုံ၊ ရှစ်မိုင်လမ်းဆုံနှင့် ကုက္ကိုင်းလမ်းဆုံတို့တွင် ထပ် မံဆောက်လုပ်မည့် ခုံးကျော်တံတားများမှာ ထပ်မံဆောက်လုပ်သင့် မသင့်၊ အလုပ်ဖြစ်နိုင် မဖြစ်နိုင် မေးခွန်း ထုတ်နေကြသည်။
ထို့ပြင် ယခင်ခုံးကျော်တံတား ဆောက်လုပ်ရန် မလိုအပ်တော့ဟုဆိုသည့် တာမွေငါးခွဆုံ ခုံးကျော်တံတား အား ယခုပြန်လည် ဆောက်လုပ်မည်ဟု ကြေညာခဲ့ခြင်းလည်း ဖြစ်သည်။
လက်ရှိ ရန်ကုန်မြို့တော်ကြီးသည် ယာဉ်အစီးရေ ၄ဝဝဝဝဝ သိန်း ကျော်ရှိလာပြီဖြစ်သည်။ ရှင်းရှင်းပြောရ မည်ဆိုပါက ယာဉ်ကြောပိတ်ဆို့မှုပြဿနာမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရကို စိန်ခေါ်နေသည့် ပြဿ နာဖြစ်နေပြီး အစိုးရအနေဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ ပြေလည်စေရန် ဖြေရှင်းသည့်နည်းလမ်း စုံလာ ပြီဖြစ်သော်လည်း . . . . .
“ထပ်ဆောက်မယ့် ခုံးကျော်တံတား သုံးစင်းအတွက်က ကျပ် ၅၄ ဒသမ ၃၅ ဘီလျံ ဖြစ်ပါတယ်။ အဲဒီထဲက တာမွေငါးခွဆုံ ခုံးကျော်တံတားကို ပညာရှင်တွေက တည်ဆောက်ဖို့မလိုဘဲ ထိရောက်သည့် လမ်းရှင်းစနစ် သာ လိုအပ်တယ်လို့ တင်ပြထားချက်တွေကို အစိုးရအဖွဲ့က သိရှိထားပါသလား။ တကယ်လို့ ရှစ်မိုင်လမ်း ဆုံမှာ ခုံးကျော်တံတား ဆောက်နေစဉ်မှာ Junction 8 ရှေ့ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းမှာ မည်သူက တာဝန်ယူပါမလဲ။ ကုက္ကိုင်းခုံးကျော်တံတားဆောက်ဖို့ အတွက်ကိုရော ဘယ်သုတေန စစ်တမ်းက အကြံပြု ပါသလဲ” ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက လွှတ်တော်တွင် တရားဝင် မေးခွန်းထုတ်ခဲ့သည်။
ထို့ပြင် ကုက္ကိုင်းခုံးကျော်တံတားမှာလည်း ဆောက်လုပ်ရန် မလိုအပ်ခြင်းကြောင့် ၎င်းကို ဆောက်လုပ် မည့်အစား ကြည့်မြင်တိုင် တစ်ဖက်ကမ်းရှိ သွားလာရေးခက်ခဲသည့် ပြည်သူများအတွက် မြစ်ကူးတံတား တည်ဆောက်ပေးမည် ဆိုပါက များစွာအထောက်အကူ ဖြစ်စေနိုင်ကြောင်း ဒေါက်တာညိုညိုသင်းက ထောက်ပြခဲ့ရာ ကြည့်မြင်တိုင်တစ်ဖက်ကမ်း မြစ်ကူးတံတား တည်ဆောက်မည်ဆိုပါက ငွေကျပ် ဘီလျံ ၁၂ဝ ခန့် ကုန်ကျမည်ဖြစ်သဖြင့် မဖြစ်နိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
“တာမွေငါးခွဆုံ ခုံးကျော်တံတားဆိုရင် JICA က လုပ်ပေးမယ်ဆိုပြီး ပြောထားတဲ့အတွက် အခု အလျင်စလို မလုပ်သင့်ဘူး။ ဒါပေမဲ့ ကုက္ကိုင်းလမ်းဆုံကလည်း လုံးဝကို မဆောက်သင့်ဘူး။ အရမ်းကြီး ယာဉ်ကြောကျပ် တဲ့ထဲမှာ မပါပါဘူး။ ပြီးတော့ ဒီခုံးကျော်တံတား စီမံကိန်းတွေကို ဆောက်ခွင့်ရသွားတဲ့ သူတွေက အစိုးရအ ဖွဲ့နဲ့ နီးစပ်တဲ့သူတွေပဲ ဖြစ်နေတယ်ဆိုတာ မီဒီယာတွေမှာ ဖော်ပြချက်တွေက မှန်ကန်သလား ဆိုတာ လည်း မေးခွန်းထုတ်ချင်ပါတယ်” ဟု ဒေါက်တာညိုညိုသင်းက ပြောကြားထားသည်။ “ခုံးကျော်တံတားတွေ တည်ဆောက်ပြီး ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းတာကို ကြိုဆိုပါတယ်။
သို့သော်လည်း ဆောက်ပြီးသား ခုံးကျော်တံတားတွေ ပြီးခဲ့သော်လည်း ယာဉ်ကြောပိတ်ဆို့မှုတွေ မပြေ လည်တော့ စဉ်းစားဖို့လိုတယ်။ ရွှေဂုံတိုင်ခုံးကျော်တံတား ဆိုရင်လည်း ဇီဝိတဒါန သံဃာ့ဆေးရုံနားနဲ့ ရေခဲဆိုင် မှတ်တိုင်နားမှာ ကားတွေသွားပိတ်တယ်။ ပြီးတော့ ထပ်ဆောက်မဲ့ ခုံးကျော်တံတား သုံးစင်းမှာ လည်း တာမွေငါးခွဆုံကတော့ လိုမယ်လို့ထင်တယ်။ ဒါပေမဲ့ ရှစ်မိုင်လမ်းဆုံနဲ့ ကုက္ကိုင်းလမ်းဆုံက ဆောက် ဖို့မလိုသေးဘူး ထင်တယ်။ ကျွန်တော်တွေ့ရသလောက်လည်း အဲဒီနေရာတွေက ကားပိတ်တာ သိပ်မဆိုး ပါဘူး” ဟု သင်္ကန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က သူ၏အမြင်ကို ပြောပြခဲ့သည်။
ထို့ပြင် လက်ရှိ တည်ဆောက်ခဲ့ပြီးသည့် ခုံးကျော်တံတားများမှာ ကာကျပ်သည်ဟုဆိုသည့် နေရာတစ်ကုပ် စာကိုသာ ကျော်လွှားနိုင်အောင် တည်ဆောက်ထားခြင်းဖြစ်ကြောင်း၊ သို့ဖြစ်၍ ဟိုနေရာတွင် တစ်စင်း၊ ဒီနေရာတွင် တစ်စင်း တည်ဆောက်ခြင်းဖြင့် ကုန်ကျစရိတ် ပိုမိုများပြားနေကြောင်း၊ အမှန်တကယ် ထိုးသင့် သည်မှာ ပြည်ထောင်စုအစိုးရ၏ ဘဏ္ဍာငွေ အကူအညီယူ၍ မိုးပျံလမ်းများကဲ့သို့ တံတားအရှည် ကြီးများ ထိုး၍ ဖြေရှင်းသင့်သည်ဟု သုံးသပ်ကြသည်။
“ဒီနေရာမှာ တံတားထိုးလိုက်တော့ ဒီနေရာမှာ ကားတွေမကျပ်ဘဲ ဟိုနေရာမှာ ကားတွေသွားကျပ်တော့ တာပေါ့။ ဒါကြောင့် ဒီတစ်ကုပ်စာ ထိုးရုံနဲ့တော့ မရနိုင်ဘူး။ ထိုးမယ်ဆိုရင်လည်း မိုးပျံလမ်း အရှည်ကြီးတွေ၊ ယာဉ်ကြောကျပ်တဲ့ ပွိုင့်တွေကို ကျော်တဲ့အထိ ထိုးမှ အဆင်ပြေနိုင်မယ်။ အခုတော့ ဘာမှမထူးပါဘူး။ နေရာတိုင်းမှာကားတွေပိတ်လို့ ဝင်ငွေလည်း လျော့လာပါတယ်” ဟု ရန်ကုန်မြို့တွင်းအငှားယာဉ်မောင်းနှင် သူ တစ်ဦးက ဆိုသည်။
ထို့ကြောင့် ရန်ကုန်မြို့တော်၏ ယာဉ်ကြောပိတ်ဆို့မှုကို အမှန်တကယ် ဖြေရှင်းမည်ဆိုပါက ခုံးကျော်တံတား တစ်ခုတည်းဖြင့် လုံလောက်မှုမရှိဘဲ တစ်ဖက်တွင်လည်း အခြားနည်းလမ်းများ ထားရှိသင့်ကြောင်း ရန်ကုန် မြို့ပြစီမံကိန်း ပညာရှင်တစ်ဦးက သုံးသပ်သည်။
“လှည်းတန်း၊ ရွှေဂုံတိုင် ခုံးကျော်တံတားတွေ ဆောက်လိုက်ပေမယ့် ကားတွေပိတ်နေတုန်းပဲ။ အဲဒါက အဖြေမဟုတ်ဘူးဆိုတာ ရှင်းနေတဲ့ ကိစ္စပါပဲ။ အဲဒီတော့ ရန်ကုန်မြို့က လမ်းတွေကို ကြည့်မယ်ဆိုရင်လည်း တောင်မြောက်လမ်းတွေပဲ အားကောင်းနေပြီး အရှေ့အနောက်လမ်းတွေက ဘာမှလုပ်လို့ မရတော့ဘူး။ ဒါကြောင့် အရှေ့အနောက်လမ်းတွေကို အားကောင်းအောင်သာ ကြိုးစားမယ်ဆိုရင်တော့ ကောင်းလာမှာ ပါ။ ခုံးကျော်တံတား လုပ်တာလည်း လုပ်ပေါ့။ တစ်ဖက်မှာလည်း အဲဒီလို လမ်းတွေအားကောင်းလာအောင် တစ်ပြိုင်တည်း လုပ်မယ်ဆိုရင်တော့ အဆင်ပြေလာမှာပါ” ဟု ရန်ကုန်မြို့ပြ စီမံကိန်းပညာရှင် ဦးသံမိုးက ပြောကြားသည်။
ထပ်မံဆောက်လုပ်မည့် ခုံးကျော်တံတားများအနက် တာမွေငါးခွဆုံ ခုံးကျော်တံတားအား ကျပ် ၂၂ ဒသမ ၅ ဘီလျံ၊ ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတားအား ၁၆ ဒသမ ၄၅ ဘီလျံနှင့် ကုက္ကိုင်းခုံးကျော်တံတားအား ၁၅ ဒသမ ၄ဝ ဘီလျံဖြင့် စုစုပေါင်း ၅၄ ဒသမ ၃၅ အသုံးပြုကာ တည်ဆောက်မည်ဖြစ်ပြီး ငွေကျပ် ၅၄ ဘီလျံဆို သည်မှာ နည်းသည့်ပမာဏ မဟုတ်ပေ။ သို့ဖြစ်ရာ အမှန်ကတယ် မဖြစ်မနေ ဆောက်လုပ်သင့် သည့် နေရာများတွင်သာ ဆောက်လုပ်သင့်ပြီး မလိုအပ်သည့် နေရာများတွင် ဆောက်လုပ်မည့်ကိစ္စများအတွက် ပြန်လည်ဆန်းစစ် စဉ်းစားရန် လိုသည်ဟု ထောက်ပြနေကြပြီး ထိုအစား အခြားလိုအပ်သည့် နေရာများတွင် ဘဏ္ဍာငွေများ အစားထိုး သုံးစွဲမည်ဆိုပါက များစွာထိရောက်မည်ဟု အကြံပြုနေကြသည်။
လက်ရှိ ရန်ကုန်မြို့တော်ကြီးသည် ယာဉ်အစီးရေ ၄ဝဝဝဝဝ သိန်း ကျော်ရှိလာပြီဖြစ်သည်။ ရှင်းရှင်းပြောရ မည်ဆိုပါက ယာဉ်ကြောပိတ်ဆို့မှုပြဿနာမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရကို စိန်ခေါ်နေသည့် ပြဿ နာဖြစ်နေပြီး အစိုးရအနေဖြင့် ယာဉ်ကြောပိတ်ဆို့မှုများ ပြေလည်စေရန် ဖြေရှင်းသည့်နည်းလမ်း စုံလာ ပြီဖြစ်သော်လည်း အောင်မြင်မှု မရရှိသေးပေ။ သို့ဖြစ်ရာ ထပ်မံတိုးပွားလာမည့် ယာဉ်အစီးရေများအတွက် ကြို တင်ဖြေရှင်းသင့်နေပြီဖြစ်သည်။
ကျော်ထင် | EMG

မှတ်ချက်များ